Showing posts with label Internet software. Show all posts
Showing posts with label Internet software. Show all posts
Friday, September 27, 2013
မိမိလိုအပ်တဲ့ File တွေကို အလွယ်တကူ ရှာပေးမဲ့ Search Engine Website
ဒီနေ့အားလုံးကို Website လေးတစ်ခု ညွှန်းပေးစရာ ရှိပါတယ်။
ဒါပေမဲ့ အရင် ဆုံး Like မလုပ်ရသေးတဲ့ သူ တွေ  http://www.facebook.com/TechMilo ကို Like အရင် သွားလုပ် ကြရအောင်။
ပြီးရင် စာကို အရင် ဆက်ဖတ်ကြည့်ကြမယ်။
သူ့ရဲ့ လုပ်ဆောင် ချက်က သင်လိုအပ်နေတဲ့ File ကို သတ်မှတ်ထားတဲ့ Host ကနေ သွားပြီးတော့ ကူရှာပေးပါတယ်။
ဥပမာ - သင်က Google Talk လေး လိုချင်တယ်ဆိုပါစို့။
သင့် အနေနဲ့ ပုံမှန်ဆိုရင် Google မှာ Download Google Talk ဆိုပြီး ရိုက်ထည့်ပြီးရှာရပါလိမ့်မယ်။
နောက်ပြီးတော့ Website ထဲဝင်ရမယ်။ သင့် က Download လေးရှာ ပြီး နှိပ်ပေးရပါဦးမယ်။ တစ်ခါတစ်ခါ Like to Download တို့၊ စာဖတ်ပြီးမှ Like ပါတို့၊ နောက်ပြီး
Download Link သို့မဟုတ် Buttom ကို နှိပ်လိုက်တယ် ဆိုရင်လဲ Adfly , Adfocus စတဲ့ Ads Website တွေကို ကျော်ခွနေရဦးမှာ ဖြစ်ပါတယ်။
5 sec ကနေ့ 10 sec လောက်ထိ စောင့် ပြီး ကျော်ခွနေရဦးမှာဖြစ်ပါတယ်။
သင့် အနေနဲ့ Internet လိုင်း မကောင်းတာက တစ်မှောင့် Ads စောင့်ရတာက တစ်မှောင့် အဆင်ပြေမှာ မဟုတ်ပါဘူး။
အဲ့အတွက် ဒီ Website လေးက သင့် အချိန်တွေမကုန်စေဖို့ ကူညီပေးပါလိမ့်မယ်။
Site နာမည်က http://www.filecrop.com ပါ။
Website ထဲမှာ မိမိ Download လုပ်ချင်တဲ့ File Name ကို ရိုက်ထည့်လိုက် ရုံ ပါပဲ။
ရိုက်ထည့်လိုက်တာနဲ့ သူက Website တွေကိုလိုက်ရှာပြီး Mediafire, Hotfile, Rapidshare, 4shared စသည်တို့မှာ တင်ထားတဲ့ မိမိလိုချင်တဲ့ File တွေထဲကို သွားရှာပေးပါလိမ့်မယ်။
ပြီးတော့ Result ကို ဖော်ပြပေးမှာ ဖြစ်လို့ သင့်အနေနဲ့ မိမိလိုချင်တဲ့ G Talk ဆို G Talk စသည်ဖြင့် မိမိလိုချင်တဲ့ ကောင် ရဲ့ Download Link ကိုတန်းရလာပါလိမ့်မယ်။ နောက်ပြီး ဘယ်ဆိုဒ်ကနေ ရှာတွေ့လာတယ်ဆိုတာရော ဖော်ပြပေးပါလိမ့်မယ်။
သင့်အနေနဲ့ က သူပေးတာလေးကို နှိပ်ပြီး လွယ်ကူစွာ ဒေါင်းလုပ် ပြုလုပ်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ သူက ရှာပေးတာပဲ ဖြစ်လို့ သင့် အနေနဲ့ Visus ဟုတ်မဟုတ်ကို သတိထားဖို့ လိုပါလိမ့်မယ်။
Download Link ကို http://www.virustotal.com မှာထည့်ပြီး Scan ဖတ်ကြည့်နိုင်ပါတယ်။
မိမိကွန်ပျူတာနဲ့က Antivirus နဲ့ လည်း Scan ဖတ်ကြည့်ဖို့ လိုပါတယ်။
သူ့ကို သုံးခြင်းရဲ့ အကျိုးကျေးဇူးကတော့ အချိန်ကုန်တာ သက်သာတာပါပဲ၊
ဒါပေမဲ့ သူက Rapidshare , Hotfile, Mediafire, Depositfiles,Mega, 4shared Host မှာ တင်ထားတဲ့ File တွေကို ပဲ ရှာ ပေးပါတယ်။
အားလုံးပဲ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Credit : http://www.techmilo.tk/2013/09/file-search-engine-website.html
Monday, September 16, 2013
Pocket : အင်တာနက်ကဆောင်းပါးတွေကို နောက်မှဖတ်ဖို့ သိမ်းထားမယ်။
1
အင်တာနက်ကဆောင်းပါးတစ်ပုဒ်ကို သင်ဖတ်နေတဲ့အချိန် အလုပ်ကလည်း ပေါ်လာလို့ သွားရတော့မယ့် အခြေအနေမျိုးနဲ့ ကြုံဖူးမှာပါ။အဲလို အခြေအနေမှာ အဲဒီဆောင်းပါးကို နောက်မှဖတ်ဖို့ သိမ်းပေးနိုင်တဲ့ Web Application or Bookmarking Service  တစ်ခုဖြစ်တဲ့ Pocket ကို သုံးနိုင်ပါတယ်။များသောအားဖြင့်လူတွေ ကနောက်မှဖတ်ဖို့   Browser မှာ Bookmark မှတ်ပြီးသိမ်းထားတတ်ကြပါတယ်။ဒီလို မှတ်ရင် Browser မှာ Bookmark တွေ နဲ့ ရှုပ်ပွနေပြီးတော့ အဆင်မပြေပါဘူး။Pocket က အရင်တုန်းက read it later လို့  နာမည်တွင်ပါတယ်။ဆောင်းပါးတွေသာမက image,video စတာတွေကိုပါသိမ်းနိုင်ပါတယ်။ chrome,firefox,safari စတဲ့ browser တွေမှာ Pocket ရဲ့ extension (or) add-on တွေကို အင်စတောလုပ်ပြီးသုံးနိုင်ပါတယ်။ Extension (or) Add-on တွေမသုံးချင်ရင်လည်း bookmarklet ကို သုံးနိုင်ပါတယ်။Android,iphone,ipad စတဲ့ devices တွေအတွက်လည်း Pocket ရဲ့ application တွေရှိ ပြီး အဲဒီ devices တွေကနေ ဆောင်းပါးတွေ သိမ်းတာတွေ ဖတ်တာတွေပြုလုပ်နိုင်ပါတယ်။သင်သိမ်းထားတဲ့ဆောင်းပါးတွေကို  သင်နှစ်သက်ရာ device တွေကနေ sync လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် Pocket က တစ်ခြား third-party application 300 ကျော် မှာ integration ပါရှိပြီး အဲဒီ applications တွေကနေ သင့် Pocket အကောင့်ကို တိုက်ရိုက်သိမ်းနိုင်ပါတယ်။Pocket က totally free ပါ။
Pocket ၀က်ဆိုက်  မှာအကောင့်တစ်ခု လုပ်ပါ။ပြီးရင် အဲဒီဆိုက်မှာပဲ browser entension or add-on တွေကို အင်စတောလုပ်ပြီးသုံးပါ။ Android,ios devices တွေအတွက် application တွေကိုလည်း အဲဒီဆိုက်ကနေတစ်ဆင့် သက်ဆိုင်ရာ application store တွေကနေ အခမဲ့ဒေါင်းလုပ်လုပ်ပြီးသုံးနိုင်ပါတယ်။
Browser ကနေဆောင်းပါးများသိမ်းခြင်း။
Pocket extension or add-on ကို browser မှာအင်စတောလုပ်ပြီးရင် browser မှာ pocket အိုင်ကွန်ကိုတွေ့ မြင်နိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ chrome browser ကို အသုံးပြုပြီးရေးပါတယ်။Pocket အိုင်ကွန်ကို နှိပ်ပြီး ဆောင်းပါးကို သိမ်းပါ။ဆောင်းပါးတွေကို Tag လုပ်ပြီးလည်းသိမ်းနိုင်ပါတယ်။ပုံတွေကို သိမ်းဖို့ အတွက် ပုံကို နှိပ်ပြီး ပေါ်လာတဲ့ page ကနေ pocket icon ကိုနှိပ်ပြီးသိမ်းပါ။YouTube လို Video ဆိုက်တွေက Video တွေကိုလည်းနောက်မှကြည့်ဖို့ သိမ်းနိုင်ပါတယ်။
ashampoo 02
Android, IOS  Device များကနေ ဆောင်းပါးများသိမ်းခြင်း။
ဒီဆောင်းပါးမှာတော့ android phone ကနေ ဆောင်းပါးများသိမ်းတာကို ရေးပါတယ်။တစ်ခြား device တွေမှာလည်း အသုံးပြုနည်းက သိပ်ကွာမှာမဟုတ်ပါ။Pocket ကို အင်စတောလုပ်ပြီးရင် browser ကနေ သင်သိမ်းချင်တဲ့ဆောင်းပါးကို သိမ်းဖို့  menu ကနေ  share page ကိုနှိပ်ပြီး Add to Pocket ကိုနှိပ်ရင်အဲဒီဆောင်းပါးကို သိမ်းပေးမှာပါ။
Moborobo20130725152734
Email ပို့ ပြီးဆောင်းပါးများသိမ်းခြင်း။
email-phone
သိမ်းထားတဲ့ဆောင်းပါးများဖတ်ရှုခြင်း။
သိမ်းထားတဲ့ဆောင်းပါးတွေကို browser ကနေကြည့်ချင်ရင် Pocket ၀က်ဆိုက် ကိုသွားပြီးသင့်အကောင့်နဲ့  login ၀င်ပြီးကြည့်ပါ။အောက်ကပုံမှာမြင်ရသလို ပဲ  ဆောင်းပါးတွေ ၊ပုံတွေ ၊ video တွေအားလုံးကို  ဖတ်ရှုကြည့်ရှုနိုင်ပါတယ်။
ashampoo 03
ဆောင်းပါးတွေကို email,facebook,twitter,buffer စတာတွေနဲ့ share လုပ်နိုင်သလို ဖတ်ပြီးလို့ ဖျက်ချင်ရင်ဖျက်နိုင်ပါတယ်။
ashampoo 04
Android,IOS devices တွေကနေ pocket application ကို ဖွင့်ပြီးသိမ်းထားတဲ့ဆောင်းပါးတွေကို sync လုပ်ပြီးဖတ်နိုင်ပါတယ်။
Moborobo20130725155441
Destop App
Pocket ကဆောင်းပါးတွေကိုဖတ်ဖို့  ၊သိမ်းဖို့  Windows Desktop App ကိုအသုံးပြုဖို့ ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ဒါပေမယ့် သင့် စက်မှာ Chrome Browser အင်စတောလုပ်ထားဖို့ လို ပြီး Chrome Web Store ကနေ Pocket Desktop App ကို အင်စတောလုပ်ထားဖို့ လို ပါတယ်။ Desktop App ကို အသုံးပြုရင် ဆောင်းပါးတွေကို သင့်စက်ထဲကို ဒေါင်းလုပ်လုပ်တဲ့အတွက် Offline  ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
Pocket-for-Windows-main
Pocket Desktop App ဟာ တစ်ခြား Desktop App တွေနဲ့ မတူဘဲ Chrome App Platforms အပေါ်အခြေခံပြီးပြုလုပ်ထားတာဖြစ်လို့  Chrome နောက်ထွက် တဲ့ Version တွေကို အင်စတောလုပ်ထားဖို့ လို ပါတယ်။
Thursday, September 12, 2013
MOZILLA FIREFOX 24 BETA 10
လူသုံးအလွန်များတဲ့ Browser လေးရဲ့ update အသစ်လေး ကို
အားလုံးအလွယ်တကူဒေါင်းနိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ်
အိုင်တီခေတ်
Sunday, September 1, 2013
အင်တာနက် sharing သုံးသူများအတွက် network ထဲကသူများအင်တာနက်လိုင်းကိုဖြတ်ထားလို့ ရမယ့် Netcut software free download
အင်တာနက် လိုင်းကို sharing လုပ်ပြီး သုံးနေ သူများ ကိုယ်သုံးတဲ့ network line ပေါ်မှာ လူက များ
အဲဒီမှာ တယောက်ယောက်က ဂိမ်းတွေ ဒေါင်းလိုဒ်တွေ ပိတ်ဆွဲ တော့ လိုင်းက ကျ ဒါမျိုး တွေ ကြုံဘူး
ကြမယ်ထင်ပါတယ်။ဒီနေ တော့ကိုယ်သုံးတဲ့ network ထဲ မှာ အင်တာနက် လိုင်းကို control လုပ် နိုင်ပြီး သူများ တွေကိုလိုင်းဖြတ်လို့  ရမယ့်  netcut ဆို တဲ့ ဆော့ဝဲလေးတခု တင်ပေးလိုက်ပါတယ်။အမှန်ဆိုရင်
ဒီကောင်လေးက ကိုယ်သုံးတဲ့ network လိုင်းထဲက ကွန်ပျူတာတွေကို internet  မ ရ အောင် ပိတ်တဲ့ ကောင်လေး ပေါ့ ဗျာ သူများတွေ မရ တော့ ကိုယ်တယောက်ထဲ ယူထားတဲ့ လိုင်း
အကုန် သုံးလို ရတာပေါ့ ကိုယ်ပိတ်ချင်တဲ့ စက် ကိုလည်းရွေးပိတ်လို ရပါတယ် ဒါပေမယ့် သူများတွေကတော့ဘယ်ကျေနပ်မလဲ နော့ ဒါလည်း hacking တမျိုးပါဘဲ သူတို့ မသိ အောင်လည်း လုပ်ပေါ့ အင်တာနက် လိုင်းပိုင်ရှင်တွေ ဆိုင်ပိုင်ရှင်တွေ အတွက်ကဒီလို မျိုး netcut ဆော့ ၀ဲသုံး တဲ့ လူမျိုးတွေ ပါ လာရင်တော့ ခေါင်းစားပြီပေါ့။လိုချင်သူများအောက်မှာ ဒေါင်းသွားနိုင်ပါတယ်။
After a list of IP addresses of network users Lan / Hotspot (
left) buddy just choose which one you want the IP connections cut , click cut off .
ရှင်တွေကိုတော အားနာ ပါတယ်ဗျာ။
NetCut
This is a commonly used tool used on networks to cut down the network connection of victim. It makes  a Denial of Service attack on the Victim so that he doesn’t get internet access. It does so by flooding the switch with unreal MAC address entries that point to the victim’s ip address, so the packets are mapped incorrectly and the victim receives no packets. 
We use here 3 tools:
1.Netcut : To make Attack.
2.Ethereal : To Checks Packets.
3.AntiArp : To monitors and block all incoming and outgoing ARP traffic from / to  pc.
The AntiArp shows that It's sending fake Mac address to the gateway and It's disguised as the victim’s IPaddress. (while if we make a man in the middle attack , we can get victims MAC address and set is as our MAC addr and give victim other addr ) 
 အောက်မှာ install လုပ်နည်းသေချာဖတ်ပြီးမှ လုပ်ပါ ။
 Install note for w 7
 1. Install netcut.exe
2. Install Patch Update 3.0.exe
3. Install WinPcap_4_1_1.exe
4. Restart
Install note for w 8 
to install Netcut in Windows 8 follow these steps :
open control panel and make sure to Category ( see picture )
 http://www.alkalinware.com/2013/03/netcut-compatible-windows-8-2013.html
Choose Program \u003e Run programs made ​​for previous versions of windows (see picture)
 http://www.alkalinware.com/2013/03/netcut-compatible-windows-8-2013.html
Click Next and select \u003e Not Listed \u003e Next ( see picture )
 http://www.alkalinware.com/2013/03/netcut-compatible-windows-8-2013.html
ပြီးမှ ပြန်လုပ်ပါ။
Credit>>> http://www.pyaephyo.com/2013/09/sharing-network-netcut-software-free.html
Sunday, August 25, 2013
သုံးချင်တဲ့ဆော့ဝဲရှာမတွေ့ ဘူးလား? AlternativeTo မှာရှာပါ။
download (2)
alternativeto
Click Here>>
Saturday, August 24, 2013
Connectify 6 PRO Full Version
 Computer ကတဆင့် လက်ရှိသုံးနေတဲ့  အင်တာနက်ကို ဖုန်း၊လက်ပ်တော့ စတဲ့  အခြား Device တွေဆီကို Wifi အဖြစ်ပြန်လွှင့် ပေးတဲ့ ဆော့ဖ်ဝဲ လေးပါ... နောက်ဆုံးထွက် Version လေးကို တောင်းထားလို့ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
Connectify 6 PRO/ Dispatch Full Crack is a software that facilitate you in making wireless (HotSpot) without a router or in other words, by just using a laptop or computer that there is wireless. Like the Ad-Hoc Network (Facilities on windows operating system), this application easier for you to share network despite using modem whose network is small enough, such as HSDPA modems, etc. With this software you are easy, and certainly easier to make network.
Features :
  • Share Access Point
  • Share Network From other WiFi Network
  • Display Connected Computer or Device
  • Simple Firewall Controls
  • Share Wi-Fi from 3G/4G Networks
  • Scannify Service Discovery
  • AutoInternet Selection
  • Fully Customizable SSID
  • Repeat Functionaly
  • Premium Support and more.
Click Here to Download
Internet Speed hacking Software လေးနဲ့ မြန်နှုန်းမြှင့်မယ်
ကဲ အင်တာနက်ကော်နပ်ရှင်တွေမြန်အောင်လုပ်တဲ့နည်းတွေအများကြီးရှိတဲ့ထဲမှာမှ
ကျွန်တော် ဒီတစ်ခါပေးချင်တာလေးက သုံးရတာလည်းအဆင်ပြေပီးတစ်ကယ် ကို
မြန်ဆန်တာကို ကျွန်တော်ကိုယ်တိုင်တွေ့ရပါတယ်။ အရင်ဆုံးဒီကောင်ကို ပုံထဲမှာပါ
တဲ့အတိုင်း Default Volume အနေနဲ့ 15Mbit/s ကိုရွေးချယ်ပေးပီး PATCH ကိုနှိပ်
လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ အင်တာနက် Speed ကို Increase လုပ်ပီါ်သွားပါပီ ပီးတာနဲ့
သင့်ရဲ့ အင်တာနက် Speed ကိုမယုံလို့ ပြန်စစ်ဖို့အတွက် http://www.speedtest.net/
မှာ တစ်ချက်သွားပီ သင်လက်ရှိရနေတဲ့ အင်တာနက် Speed ကို သွားစစ်ပါ။ကျွန်တော်
သုံးတဲ့လိုင်းကနေစစ်ထားတဲ့ စစ်ချက်ကတော့အောက်ပါပုံအတိုင်းဖြစ်ပါတယ။်
သင်ကိုယ်တိုင်လည်းစမ်းကြည့်ပါ ။ လောလောဆယ် Software ရဲ့ စိုက်ဒ်က 161KB ပဲရှိ
ပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်တယ်ဆိုရင်တော့..
YouTube မှာ Full Length Movie တွေကို ရှာပေးနိုင်တဲ့ Moviefork
1
YouTube မှာ Full Length Movie တွေ ရှာရတာမလွယ်ပါဘူး။Trailer တွေ နဲ့ ရောထွေးနေပြီးရှာရခက်လှပါတယ်။အဲဒီအခက်အခဲကို Moviefork က ဖြေရှင်းပေးနိုင်ပါတယ်။Moviefork က YouTube က Full Length Movie တွေကိုပဲ စုစည်းပေးထားပြီး decade, genre, and movie score စသဖြင့် ရှာဖွေနိုင်ပါတယ်။
Checkout Moviefork
Tuesday, August 20, 2013
Mega က ဒေါင်းရလို့ စိတ်ညစ် စရာမလိုတော့ပါ။
File size ကြီးတဲ့ Software တွေ  Firmware ဆိုရင် ကျနော် တို့ အတွက် Download Link ကို Mega ကနေပဲ ချပေးလေ့ရှိပါတယ်ဗျ။ အထူးသဖြင့် တော့ IOS Beta Firmware တွေ ဆို ပို ဆိုးသေးဗျ။ထွက်ထွက်ခြင်းဆို သိပ် ကသိကအောင့်နိုင်တာ...တခါတလေ ကွန်နက်ရှင်ကလည်း မကောင်း..Speed ကလည်း တပတ်လောက်ဒေါင်းရမလို ဖြစ်နေတော့ စိတ်ညစ်စရာကောင်းခဲ့တယ်ဗျ။
အခုတော့ အဲပြသာနာတွေ အတွက် Mega Downloader ဆိုတဲ့ Application လေးရှိလာပါပြီ။
သူက IDM အတိုင်းပဲ Mega က ဒေါင်းသမျှ ကို Speed ကောင်းကောင်းနဲ့ ဒေါင်း ပေးမှာဖြစ်ပါတယ်ဗျ။
အသုံးဝင်မယ်ထင်ရင် အောက်မှာ ယူထားလိုက်ပါဗျ။
Monday, August 19, 2013
Internet ဆိုင်များအတွက်Cafezee အသုံးပြုပုံ ( အသေးစိတ် ) နှင့် Cafezee v3.9.9 & Cafezee v4.2 + Crack
 Cafezee အသုံးပြုပုံ PDF စာအုပ်လေးပါ.... Cafezee ကို Install  ပြုလုပ်ပုံကနေ အသုံးပြုနည်းတွေကို အသေးစိတ်ရှင်းပြပေးထားပါတယ်... အင်တာနက်ဆိုင်နဲ့ Game ဆိုင်ဖွင့်ထားသူတွေအတွက် သိထားသင့်တဲ စာအုပ်ကောင်းလေးပါ ... Youth Computer က ထုတ်ဝေတာပါ... C-box မှာ မေးထားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
Click Here to Download PDF 
 အခြား Cafezee နဲ့ ပါတ်သက်လို့ လိုအပ်တဲ့ Software တွေ Crack တွေကို  ဒီနေရာ  နဲ့   ဒီနေရာတွေမှာ  ဒေါင်းယူနိုင်ပါတယ်...။
အဆင်ပြေပါစေ....
Refer>> http://www.winkabarkyaw.net/2013/08/cafezee-cafezee-v399-cafezee-v42-crack.html
Wednesday, August 14, 2013
Youtube က ဗီဒီယိုတွေကို ဆော့ဝဲမလို add-on မလိုဘဲ ဒေါင်းနည်း
ဒီနေ့တော့ လူအများမေးကြတဲ့ Youtube က ဒေါင်းနည်းလေး
အသစ်တစ်ခု ပါ လွယ်ကူပါတယ် ကျွန်တော်အရင်က 
add-on လေးနဲ့ ဒေါင်းနည်းလေး တင်ပေးလိုက်ပါတယ်
ဒါပေမယ့် firefox browser အတွက်တော့အဆင်ပြေတာပေါ့
အခြား browser တွေအတွက်ကျတော့ သူ့ဟာနဲ့သူအသုံးဝင်တာတွေရှိပေမယ့်
သာမန် အင်တာနက်သုံးပြုသူတွေက မရှာတတ်တော့ ကျွန်တော်
အခြားနည်းလေးတစ်နည်းကို ရှာဖွေခဲ့ပါတယ် ။
အလွယ်ကူဆုံးနည်းက IDM ဆိုတဲ့ ဆော့ဝဲလေးကို တင်ထားရင်
ဗီဒီယိုတွေ သီချင်းတွေ ဖွင့်လိုက်တာနဲ့ သူက ဒေါင်းမလားလို့မေးပါတယ်
ဒါပေမယ့်လည်း မိမိကိုယ်ပိုင်စက်မှာမသုံးသူတွေကျတော့
ဒီဆော့ဝဲလေးကို နေရာတိုင်းကိုယူသွားရမယ်လေ USB pendrive လေး
မရှိသူတွေကျတော့ အင်တာနက်က နေ ဒေါင်းဖို့ မြန်မာပြည် အင်တာနက်
လိုင်းစုတ်နဲ့ 4MB လောက်ဖိုင်လေးကို မလွယ်ကူပြန်ဘူး သူ့အတွက် အချိန်သက်သက်
ပေးရတော့မှာပေါ့ ဒါဆို အလွယ်ဆုံးဒီနည်းလေးကိုသုံးလိုက်ပါ
ကျွန်တော်စမ်းသပ်တာ တစ်ပတ်လောက်ကြာသွားလို့
မတင်ပေးဖြစ်တာပါ။ မသိသူများအတွက် ရည်ရွယ်သောကြောင့်
သိပြီးသားသူများ ကျော်ဖတ်သွားပါလို့ ဦးစွာပဏာမ မေတ္တာရပ်ခံပါတယ်။
ဘိုင်ကောင်တွေ ဘေးထိုင် ဘုပြောနေသူတွေ များလွန်းလို့ပါ ။
အရင်ဆုံး မိမိ ဒေါင်းချင်တဲ့ ဗီဒီယိုလင့်လေးကို Youtube မှ ကော်ပီကူးရပါမယ်
ကျွန်တော်ဥပမာ အနေနဲ့  2NE1 ရဲ့ Falling in love သီချင်းလေးကို
နမူနာပြထားပါတယ် http://www.youtube.com/watch?v=zEVd9pSG85Q
လင့်လေးပါ ပြီးရင်တော့ ကျွန်တော် ဒေါင်းဖို့အတွက်
ဒီ လင့်လေးကိုနှိပ်ပါ အောက်ကပုံလေးက ပြတဲ့အတိုင်း
လင့်ထည့်ရမယ့်နေရာလေးမှာ ခုနက ကော်ပီကူးလာတဲ့
လင့်လေးကိုထည့်ပေးလိုက်ပါ ဆိုဒ်က 
Free ဖြစ်တဲ့အတွက် ကြော်ငြာများ ပေါ်လာတတ်ပါသည်။ ဒါပေမယ့်
လင့်ထည့်မယ့်နေရာလေးတော့ မကွယ်ပါဘူး ထည့်လို့ရပါတယ်။ 
လင့်ထည့်ပြီးရင် Download ကိုနှိပ်လိုက်ပါ 
အပေါ်က ပုံလေးလိုမျိုး ပေါ်လာရင် Download MP4 ကိုနှိပ်ကာ
ဒေါင်းနိုင်ပါသည် ။ ဗီဒီယို မလိုချင်ဘူး MP3 ပဲလိုချင်တယ်ဆိုလည်း
Download MP3 ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျာ
မှတ်ချက်- Resume မရပါဘူးခင်ဗျာ...
အားလုံးကိုခင်မင်လျှက်
--------------
ခွင့်တောင်းစရာမလို ကြိုက်သလိုရှယ်နိုင်သည်
---------------
အောင်ကျော်ခိုင်(ပုသိမ်)
14.8.2013
Tuesday, August 13, 2013
အများဆုံး Wifi ကွန်ရက်တွေမှာ Security ကောင်းကောင်းနဲ့ အင်တာနက်သုံးချင်သူတွေအတွက် Hotspot Shield
ဒီဆော့ဝဲလေးကတော့ ကွန်ပျူတာတွေအတွက်ပါ။ အများဆုံး wifi ကွန်ရက်တွေမှာ ကိုယ့်ရဲ့ laptop နဲ့သွားသုံးပေမယ့် ကိုယ့်ရဲ့ account information တွေ၊ password တွေနဲ့အခြား info တွေကို Wifi ကွန်ရက်အတွင်းကနေ ကြားဖြတ်ခိုးယူခြင်းတွေဖြစ်နေပါတယ်။ အခုပေးမယ့် HotSpot Shield ဆော့ဝဲလေးကို ကွန်ပျူတာမှာသွင်းထားပြီး ဒီအန္တရာယ်တွေကိုကာကွယ်နိင်ပါတယ်။ HotSpot Shield ဆော့ဝဲက ကွန်ပျူတာကနေ ထွက်သွားသမျှ အင်တာနက် data အားလုံးကို https အနေနဲ့ပို့ဆောင်ပေးတာဖြစ်လို့ လုံခြုံစိတ်ချရမှုရှိပါတယ်။ HotSpot Shield ဆော့ဝဲကို Windows XP/ Windows 7 / Windows 8 အကုန်လုံးမှာအသုံးပြုနိင်ပါတယ်။ HotSpot Shield ဆော့ဝဲကို အောက်က link မှာရယူနိုင်ပါတယ်။
Credit>>>MMAP
Sunday, August 11, 2013
သင့်လက်ရှိ အင်တာနက် Speed ကိုမြှင့်မယ်
ကျွန်တော်အရင်က Internet Connection Speed ကိုမြှင့်တဲ့
Software တွေကိုမယုံကြည်ပါဘူး။ အကြောင်းပြချက်ကတော့
သူ့အိုးနှင့်သူ့ဆန် တန်ရုံပဲရမယ်ဆိုတဲ့ စကားပုံကြောင့်လေ
အခုတော့ ဒီ Software လေးကိုသုံးကြည့်တဲ့အခါမှာတော့
မထင်မှတ်လောက်အောင်လန်ပြန်ပြုတ်ထွက်နေတာကို
တွေ့ရပါတယ်။ ကျွန်တော်လက်ရှိသုံးနေတဲ့ 4MB လိုင်းကို
၎င်း Software လေးသွင်းပီး 3MB Size ရှိတဲ့ ဖိုင်လေးကို
စမ်းပီး Upload လုပ်ကြည့်တာ မယုံကြည်နိုင်အောင် ၃စက္ကန့်
လောက်နဲ့ Uploaded ဖြစ်သွားတယ်။ ထပ်ပီးမယုံလို့
20 MB Size ကို Upload ထပ်လုပ်ကြည့်တာ ၁မိနစ်တောင်
မကြာဘူးတက်သွားတယ် Download လည်း IDM နဲ့တွဲပီး
600MB လောက်ကို ဒေါင်းကြည့်တာ မထင်မှတ်လောက်
အောင် မြန်ဆန်နေတာကိုတွေ့ရပါတယ်။ ကဲညွှန်းတာတွေ
များသွားပီနဲ့တူတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်တယ်ဆိုရင်
တော့ ဒီမှာဒေါင်းပါ Software အသွင်းပြုပုံကိုတော့ Folder
ထဲမှာ ကျွန်တော် Notepad လေးနဲ့ ရေးပေးထားပါတယ်
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
Saturday, August 10, 2013
Memory Stick ရဲ့ ပမာဏကို 1GB, 2G ကနေ 4 GB ထိ မြှင့်ပေးတဲ့ Memory-Stick Size Increaser
Memory-Stick Size Increaser ဟာ Memory Stick ရဲ့ ပမာဏကို 1GB, 2G ကနေ 4 GB ထိ မြှင့်ပေးတယ်လို့ဆိုပါတယ်.. မိတ်ဆွေများ စမ်းသပ်ဖို့ တင်ပေးလိုက်တာပါ.. Drive Increaser 2.bat ကို Run ပေးရမှာဖြစ်ပါတယ်..
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Monday, August 5, 2013
Internet ကို SpeedConnect Internet Accelerator v.8.0 နဲ့ မြန်နှုန်းမြှင့်ရအောင်
မြန်မာနိုင်ငံရဲ့ Internet မြန်နှုန်း မြင့်လာပြီလို့ ဂျာနယ်တစ်ချို့၊ အွန်လိုင်း တစ်ချို့မှာ တွေ့နေရပေမယ့် တကယ်လက်တွေ့သုံးနေတာကတော့ တော်တော် စုတ်ပြတ်သတ်နေပါတယ်.. မနေ့ကဆို အီးမေးတောင် ဖွင့်မရဘူး.. ဒီနေ့ SpeedConnect Internet Accelerator v.8.0 လေးကို သုံးကြည့်လိုက်တော့ တကယ်ကောင်းတယ်ဗျာ.. တကယ်ပါ.. ကျွန်တော့်ရဲ့ Speed က 3kb/s တဲ့.. မူရင်းကိုပြောပါတယ်.. ဒါ ADSL 512kb/s ကို တစ်ယောက်တည်းသုံးတာပါ.. 3kb/s ဆိုတော့ လုံးဝ သုံးမရတော့ဘူး.. SpeedConnect Internet Accelerator v.8.0 ကို တင်လိုက်တော့ 50kb/s တက်လာတယ်.. ခု အဲဒါလေးနဲ့ ဒီပို့စ်ကို ရေးတာပါခင်ဗျ.. လက်တွေ့ပါ..
 Browse FASTER
 Send and receive e-mail FASTER
 Download and upload files FASTER
 Play online games FASTER
 Improve Skype connection
 NO adware, NO hardware installation
 NO service subscription, NO monthly fees
 NO new hardware installation
 Optimizes all internet connection types
 User friendly
 Quick Optimizer option
 Advanced Customization
 Tool and Wizards
 Load/Save Settings
 Optimization Report
 Connection Analyzer
အဆင်ပြေကြပါစေခင်ဗျာ..
မောင်ပေါက် < Knowledge Note >
www.maungpauk.org
Sunday, August 4, 2013
Internet Explorer 11.0 Free Download
Windows အသုံးပြု့ ကွန်ပြူတာတွေမှာ မပါမဖြစ် အသုံးပြု့ရတဲ့
Internet Explorer 11.00 ကို Release လုပ် အသုံးပြု့ခွင့် ပေးလိုက်ပါပြီ
ဒါပေမယ့် LOADING လုပ်တာကြာလို့ သုံးစွဲသူအရေအတွက် တော်တော်လေးနည်းပါတယ်
 developer preview ကို အသုံးပြု့ချင်တယ် ဆိုရင် အောက်မှာ ဝင်ဒေါင်းနိုင်ပါတယ်
Windows 32 bit နဲ့ Window 64 bit ကို ခွဲတင်ပေးထားပါတယ်
ALEX
Saturday, August 3, 2013
Inernet ကနေ ဆော့ဝဲတွေရဲ့ Serial/Keygen/Patch တွေကို ရှာဖွေမယ်
ဆော့ဝဲတစ်ခုကို Install ပြီးသွားရင် Serial key တောင်းလို့ တိုင်ပတ်နေရသူတွေ Google မှာ ဆော့ဝဲရဲ့
Serial , Keygen , Patch တွေကို အလွယ်ရှာနိုင်မယ့် နည်းတစ်ခုကို ဝေမျှပေးလိုက်ပါတယ်။
  • အရင်ဆုံး Google ကို ဖွင့်လိုက်ပါ။ 
  • Google မှာ အောက်ပါ စာသားလေးကို ရိုက်ထည့်လိုက်ပါ။
    94FBR "Software"   <----- Software ဆိုတဲ့ နေရာမှာ ကိုယ်ရှာချင်တဲ့ ဆော့ဝဲရဲ့ နာမည်ကိုရိုက်
    ထည့်နော်။ 
  • ဥပမာ -
    94FBR adobe photoshop
    94FBR windows 7
    94FBR office 2010      ဒီလိုပေါ့ဗျာ။ 
    တကယ်လို့ ဆင်တူရိုးမှားဆော့ဝဲတွေရဲ့  Serial/Keygen/Patch  တွေ ထွက်လာခဲ့တယ်ဆိုရင် ကိုယ်ရှာချင်တဲ့ ဆော့ဝဲရဲ့ version တွေ၊ ဘာတွေ၊ အတိအကျထည့်ပြီး ပြန်ရိုက်ရှာပါဗျာ။ 
    ဒါဆိုရင်တော့ ကိုယ်လိုချင်တဲ့ ဆော့ဝဲရဲ့ Serial/Keygen/Patch တွေ ရလောက်ပါပြီ။ 
    Credit>>IT field
Saturday, July 27, 2013
Internet Speed ကိုမြှင့်မယ့် Internet Cyclone 2.17+Keygen
Internet Cyclone 2.17+Keygen
အညွှန်းမှာရေးထားတာတော့ အင်တာနက် speed ကို 200 %  အထိမြှင့်ပေးတယ်
ဆိုပဲ..ဟီးဟီး...ဒါပေမယ့် နဂို ရှိမှ နဂိုင်း ထွက်မှာလေ နော
သူ့ ကိုတော့ လူတော်တော် များများလည်း သိကြပါတယ် ဒါလေးက update လေးပါ
windows 95 ကနေပြီးတော့ windows 8 အထိ အသုံးပြု့လို့ရပါတယ်
Internet Cyclone ကို သုံးထားမယ် ဆိုရင် youtube လိုနေရာကနေ video ကြည့်ထဲ့ အခါ
ဖိုင်တွေ ဒေါင်းတဲ့ အခါ online game တွေ ကစားတဲ့ အခါတွေမှာ အထစ်အငေါ့ မရှိ
ကြည့်နိုင်ဒေါင်းနိုင် ကစားနိုင်ပါတယ်လို့ ဆိုပါတယ်
simcard ထည့်ပြီးတော့ သုံးရတဲ့ moden တွေတောင်မှ ဆွဲနိုင်ပါတယ်
ကြိုးတွေ သုံးတဲ့ အင်တာနက်ဆိုရင်တော့ ပိုကောင်းတာပေါ့
သူ့ကို Keygen လေးနဲ့ Fullversion ဖြစ်အောင်လုပ်ရမှာပါ
အသုံးပြု့မယ်ဆို အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ
Wondershare MobileGo for Android 4.0.0.245 For Xp/Vista/7/8 (Latest Version) (26 MB)
Android ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက် အသုံးပြုချင်သူများအတွက် ဒီနေ့ ၂၇.၇.၁၃ ရက်နေ့ထွက်
Wondershare Mobile Go 4.0.0.245 (Latest Version) ကိုတင်ပေးလိုက်ပါတယ်။ Android ဖုန်းကို
သီချင်းသွင်းတာ ၊ဆော့ဝဲလ်သွင်းတာ၊ Ringtoneထည့်တာ၊ ဖုန်း contactsတွေကို backupလုပ်တာ၊
မက်ဆေ့ခ်ျ ပို့တာ တွေလုပ်လို့ရပါတယ်။ ကျန်တာတွေကို ဆက်လေ့လာကြည့်လိုက်ပါဦး သူငယ်ချင်း
တို့ရေ။ အလန်းလွန် အလွန်လန်းတဲ့ဆော့ဝဲလ်ပါ။ Android ဖုန်းရှိသူတိုင်းဆောင်ထားသင့်တဲ့ဆော့ဝဲလ်
ဖြစ်ပါတယ်ခင်ဗျာ။ သုံးစွဲလိုတဲ့ သူငယ်ချင်းများ ဒေါင်းလုပ်ရယူနိုင်ပါပြီ။  အားလုံးပဲအဆင်ပြေကြပါစေဗျာ။
  Download=>> Link 1, Link 2, Link 3
Related Posts Plugin for WordPress, Blogger...
ကြော်ငြာလေးကို..Click ပေးပါအုံး
Slider(Do not Edit Here!)