
ဒီနေ့တော့ လူအများမေးကြတဲ့ Youtube က ဒေါင်းနည်းလေး
အသစ်တစ်ခု ပါ လွယ်ကူပါတယ် ကျွန်တော်အရင်က
add-on လေးနဲ့ ဒေါင်းနည်းလေး တင်ပေးလိုက်ပါတယ်
ဒါပေမယ့် firefox browser အတွက်တော့အဆင်ပြေတာပေါ့
အခြား browser တွေအတွက်ကျတော့ သူ့ဟာနဲ့သူအသုံးဝင်တာတွေရှိပေမယ့်
သာမန် အင်တာနက်သုံးပြုသူတွေက မရှာတတ်တော့ ကျွန်တော်
အခြားနည်းလေးတစ်နည်းကို ရှာဖွေခဲ့ပါတယ် ။
အလွယ်ကူဆုံးနည်းက IDM ဆိုတဲ့ ဆော့ဝဲလေးကို တင်ထားရင်
ဗီဒီယိုတွေ သီချင်းတွေ ဖွင့်လိုက်တာနဲ့ သူက ဒေါင်းမလားလို့မေးပါတယ်
ဒါပေမယ့်လည်း မိမိကိုယ်ပိုင်စက်မှာမသုံးသူတွေကျတော့
ဒီဆော့ဝဲလေးကို နေရာတိုင်းကိုယူသွားရမယ်လေ USB pendrive လေး
မရှိသူတွေကျတော့ အင်တာနက်က နေ ဒေါင်းဖို့ မြန်မာပြည် အင်တာနက်
လိုင်းစုတ်နဲ့ 4MB လောက်ဖိုင်လေးကို မလွယ်ကူပြန်ဘူး သူ့အတွက် အချိန်သက်သက်
ပေးရတော့မှာပေါ့ ဒါဆို အလွယ်ဆုံးဒီနည်းလေးကိုသုံးလိုက်ပါ
ကျွန်တော်စမ်းသပ်တာ တစ်ပတ်လောက်ကြာသွားလို့
မတင်ပေးဖြစ်တာပါ။ မသိသူများအတွက် ရည်ရွယ်သောကြောင့်
သိပြီးသားသူများ ကျော်ဖတ်သွားပါလို့ ဦးစွာပဏာမ မေတ္တာရပ်ခံပါတယ်။
ဘိုင်ကောင်တွေ ဘေးထိုင် ဘုပြောနေသူတွေ များလွန်းလို့ပါ ။
အရင်ဆုံး မိမိ ဒေါင်းချင်တဲ့ ဗီဒီယိုလင့်လေးကို Youtube မှ ကော်ပီကူးရပါမယ်
ကျွန်တော်ဥပမာ အနေနဲ့ 2NE1 ရဲ့ Falling in love သီချင်းလေးကို
နမူနာပြထားပါတယ် http://www.youtube.com/watch?v=zEVd9pSG85Q
လင့်လေးပါ ပြီးရင်တော့ ကျွန်တော် ဒေါင်းဖို့အတွက်
ဒီ လင့်လေးကိုနှိပ်ပါ အောက်ကပုံလေးက ပြတဲ့အတိုင်း
လင့်ထည့်ရမယ့်နေရာလေးမှာ ခုနက ကော်ပီကူးလာတဲ့
လင့်လေးကိုထည့်ပေးလိုက်ပါ ဆိုဒ်က
Free ဖြစ်တဲ့အတွက် ကြော်ငြာများ ပေါ်လာတတ်ပါသည်။ ဒါပေမယ့်
လင့်ထည့်မယ့်နေရာလေးတော့ မကွယ်ပါဘူး ထည့်လို့ရပါတယ်။

လင့်ထည့်ပြီးရင် Download ကိုနှိပ်လိုက်ပါ
အပေါ်က ပုံလေးလိုမျိုး ပေါ်လာရင် Download MP4 ကိုနှိပ်ကာ
ဒေါင်းနိုင်ပါသည် ။ ဗီဒီယို မလိုချင်ဘူး MP3 ပဲလိုချင်တယ်ဆိုလည်း
Download MP3 ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျာ
မှတ်ချက်- Resume မရပါဘူးခင်ဗျာ...
အားလုံးကိုခင်မင်လျှက်
--------------
ခွင့်တောင်းစရာမလို ကြိုက်သလိုရှယ်နိုင်သည်
---------------
အောင်ကျော်ခိုင်(ပုသိမ်)
14.8.2013
No comments:
Post a Comment