Showing posts with label Network ဆိုင်ရာ. Show all posts
Showing posts with label Network ဆိုင်ရာ. Show all posts

Friday, October 4, 2013

Internet Connection ကိုမြှင့်တင်ပေးဖို့  DNS Server ပြောင်းနည်းများ

ethernet-connection

Domain Name Server (or) DNS ဆိုတာ လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com) ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Addressတွေ အဖြစ်ပြောင်းလဲ ပေးတာပါ။ ဥပမာ သင်က facebook.com လို့ ရိုက်လိုက်တယ်ဆိုပါစို့ ။ DNS Serverက IP Address အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီအခါကျမှ သင်က facebookကို အသုံးပြုလို့ ရတာပါ။ သင် ၀က်ဆိုက်တစ်ခု ဖွင့်တိုင်း DNS Server က ကြားထဲကနေ အလုပ် လုပ်ပေးနေတာပါ။ အဲဒီအတွက် အင်တာနက် အမြန်နှုန်းက DNS server ပေါ်မှာလည်း မူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP) တွေရဲ့ DNS ကို သုံးကြပါတယ်။ သင့် အင်တာနက် Speed ပိုမိုကောင်းမွန်အောင်လို့ သင့် ISPရဲ့ DNS ကို မသုံးဘဲ တစ်ခြား DNS(google dns,open dns etc:)တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ Router, Windows, Smart Phones တွေမှာ DNS Server ကို ပြောင်းနည်းတွေကို ရေးပေးလိုက်ပါတယ်။
On Your Router
သင့်ရဲ့ Network တစ်ခုလုံးအတွက် DNS Serverကို ပြောင်းလဲချင်ရင် Router ကနေ ပြောင်းပါ။ အဲဒီ Network တစ်ခုလုံးမှာ ချိတ်ဆက်နေတဲ့ PCs, Smartphones, Tablets, Game Consolesနဲ့ တစ်ခြား Device တွေ အားလုံးက Router က DNS Server ကို အသုံးပြုတာ ဖြစ်ပါတယ်။ Default အားဖြင့်တော့ Router တွေက Internet Service Providerရဲ့ DNS Server ကို အသုံးပြုကြတာပါ။ Router က DNS Server ကို ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် အဲဒီ Network ထဲမှာ ချိတ်ဆက်နေတဲ့ Device တွေ အားလုံးက သင်သတ်မှတ်ထားတဲ့ DNS Server ကို အသုံးပြု ကြမှာပါ။
ဒီလိုလုပ်ဖို့ Routerရဲ့ Web Interfaceကို အသုံးပြုပါ။ ပြောင်းလဲနည်းကတော့ သင့်ရဲ့ Router ပေါ်မူတည်ပါတယ်။ ဘယ်လို လုပ်ရမလဲဆိုတာ သင်မသိရင် Router’s Manual မှာ Instructions တွေကို ရှာပြီးလေ့လာပါ။ Default Password ကိုလည်း မှတ်သားပါ။
လေ့လာပြီးရင် Pages တစ်ခုခု မှာ DNS Option ကို တွေ့ရှိရမှာဖြစ်ပြီး DNS Server ကို ပြောင်းလဲပါ။ ဒီလို ပြောင်းလဲခြင်းဟာ Network တစ်ခုလုံးကို အကျိုးသက်ရောက်စေပါတယ်။ ပြောင်းလဲအသုံးပြုဖို့ Google DNS, Open DNS စသဖြင့် အမျိုးမျိုးရှိပြီး Google ကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အောက်ကပုံမှာ တွေ့မြင်ရတာကတော့ Google DNS Server ဖြစ်ပြီး Primary DNS Server က  8.8.8.8 ဖြစ်ပြီး Secondary DNS Serverက  8.8.4.4 ဖြစ်ပါတယ်။
clip_image004

Windows – Control Panel
တစ်ခြား Device တွေမှာလည်း DNS Serverကို သီးခြား ပြောင်းလဲအသုံးပြုနိုင်ပြီး Windows မှာ Network Adapter တစ်ခုချင်းစီအတွက် သီးခြား DNS Serverတွေ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ သင်က Laptop တစ်လုံးထဲမှာ Wireless, Wired Network Connections နှစ်ခုစလုံး အသုံးပြုတယ်ဆိုရင် Wi-Fi, Ethernet စတဲ့ ကွန်နက်ရှင်တွေအတွက် တစ်ခုချင်းစီ သီးခြားပြောင်းလဲပေးရမှာပါ။ Windows မှာ DNS Server ပြောင်းလဲဖို့  Taskbar က Network Icon ပေါ်မှာ Right Click နှိပ်ပြီး Open Network and Sharing Center ကိုနှိပ်ပါ။
clip_image005

ဘယ်ဘက်မှာရှိတဲ့ Change adapter settings ကိုနှိပ်ပါ။
clip_image006

ပြောင်းလဲချင်တဲ့ Network Adapter ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။
clip_image007

Properties ၀င်းဒိုးပေါ်လာရင် Internet Protocol Version 4 (TCP/IPv4) ကိုရွေးချယ်ပြီး Properties ကိုနှိပ်ပါ။
clip_image008

Use the following DNS server addresses” ကို ရွေးချယ်ပေးပြီး “Preferred DNS server:”, “Alternate DNS server:” စတာတွေမှာ သင်နှစ်သက်ရာ DNS Server Addressesကို ဖြည့်ပေးပါ။ DNS Server Addressesတွေကို Google ကနေရှာနိုင်ပါတယ်။ အောက်မှာတော့ Google DNS, OpenDNS နှစ်ခုရဲ့ DNS Server Addresses တွေကို ဖော်ပြပေးထားပါတယ်။
Google DNS
Preferred: 8.8.8.8
Alternate: 8.8.4.4
OpenDNS
Preferred: 208.67.222.222
Alternate: 208.67.220.220
clip_image009

Windows – Quick Switching
DNS Servers တွေကို အပေါ်ကနည်းအတိုင်း ပြောင်းလဲ အသုံးပြုရတာ လုပ်ရတဲ့အဆင့်တွေများပြီး အလုပ်ရှုပ်ပါတယ်။ သင့် ဟာ DNS Servers တွေကို အမြဲပြောင်းလဲပြီး အသုံးပြုသူတစ်ယောက်ဆိုရင်တော့ DNS Jumper ဆိုတဲ့ Freeware ကို အသုံးပြုဖို့ အကြံပေးပါတယ်။
DNS Jumperကို သုံးရင် အလွယ်တကူနဲ့ Google Public DNS, OpenDNS စတာတွေ အပြင်တစ်ခြား DNS (၃၉) ခုကို အလွယ်တကူ ပြောင်းလဲသုံးနိုင်ပါတယ်။ နောက်ပြီး DNS Jumperက Fastest DNS တွေကို ရှာပေးနိုင်လို့ အမြန်ဆုံး DNS ကို ရွေးချယ် သုံးနိုင်ပါတယ်။ DNS Jumper ကို run ပြီး Fastest DNS ကို နှိပ်ပါ။
clip_image010

Find Fastest DNS ကိုနှိပ်ပါ။
clip_image011

ဒါဆိုရင်အမြန်ဆုံး DNS ကိုတွေ့ မြင်နိုင်ပြီး Apply Fastest DNS ကိုနှိပ်ပါ။
clip_image012

သင့် ISP ရဲ့ DNS ကို ပြန်ပြောင်းချင်ရင်တော့ star iconကို နှိပ်ပြီး Default DNSကို နှိပ်လိုက်ရင် နဂို DNS ကို ပြန်ပြောင်းပေးမှာပါ။
clip_image014

Windows – Command Line
အပေါ်ကနည်းတွေကို မသုံးဘဲ Command ကို အသုံးပြုနိုင်ပါသေးတယ်။ Command Prompt ကို Administrator အနေနဲ့ Run ပြီးအောက်က Command ကို ရိုက်ထည့်ပေးပြီး Enter ခေါက်ပါ။ ဒီ Command ကို Batch Files အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
netsh interface ip set dns name=”Local Area Connection” static 8.8.8.8
change-dns-server-from-command-prompt

On Your Smartphone or Tablet
Android, iOS Device တွေမှာလည်း DNS Server ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒီလို ပြောင်းလဲအသုံးပြုတာက Single Network တစ်ခုတည်းကိုပဲ အကျိုးသက်ရောက်စေပါတယ်။ သဘောက Home Networkမှာ DNS Server ပြောင်းလဲ အသုံးပြုတယ်ဆိုပါစို့ ။ Wi-Fi Network တစ်ခုကို ချိတ်ဆက်ပြီး အသုံးပြုရင် DNS Serverကို ထပ်ပြီး ပြောင်းလဲပေးဖို့ လိုပါတယ်။
ဒီလိုလုပ်ဖို့ Android ရဲ့ Wi-Fi Network List ကိုဖွင့်ပြီး ချိတ်ဆက်မိနေတဲ့ Network ပေါ်မှာ ဖိထားပါ။ Modify Network ကို နှိပ်ပြီး “Show advanced options” ဆိုတဲ့ Check Box မှာ အမှန်ခြစ်ပေးပါ။ IP Settingsမှာ Static ပြောင်းပေးရင် DNS Server ကို ပြောင်းလဲဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။
clip_image018

အပေါ်ကနည်းက သင့်ကို အလုပ်ရှုပ်စေတယ်ထင်ရင် DNS Serverကို အလွယ်တကူ ပြောင်းပေးတဲ့ Application ကို သုံးနိုင်ပါတယ်။ သင့် Android ဖုန်းက Root လုပ်ထားတယ် ဆိုရင်တော့ Set DNS  app ကိုသုံးနိုင်ပြီး သင်ပြောင်းချင်တဲ့ DNS Server ကို အလွယ်တကူ ပြောင်းနိုင်ပါတယ်။ Set DNS က သင့်ဖုန်း Network တစ်ခုကို ချိတ်ဆက်မိပြီဆိုတာနဲ့ DNS Server ကို အလိုလို ပြောင်းပေးနိုင်ပါတယ်။
clip_image020

iOS Device တွေမှာလည်း ဒီနည်းအတိုင်း ပြောင်းနိုင်ပါတယ်။ Wi-Fi Settings ကိုသွားပြီး ချိတ်ဆက်မိနေတဲ့ Networkက Arrowကို Tap တစ်ချက်နှိပ်ပါ။ DNS field ကို တစ်ချက်နှိပ်ပြီး နှစ်သက်ရာ DNS Server ကို ပြောင်းနိုင်ပါတယ်။
Windows PCမှာ DNS Server ပြောင်းပြီးရင်တော့ အကျိုးသက်ရောက်စေဖို့  DNS Cache ကို Flush လုပ်ပေးရပါမယ်။ ဒီလို လုပ်ဖို့အောက်က Command ကို Command Prompt မှာ ရိုက်ပေးပါ။ DNS Jumper ကို အသုံးပြုရင်တော့ Flush DNS ပြုလုပ်ဖို့ Function ပါရှိပါတယ်။
ipconfig /flushdns
Myanmar ICT မှာကျွန်တော်ရေးထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။

ethernet-connection Domain Name Server (or) DNS ဆိုတာ လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com) ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Addressတွေ အဖြစ်ပြောင်းလဲ ပေးတာပါ။ ဥပမာ သင်က facebook.com လို့ ရိုက်လိုက်တယ်ဆိုပါစို့ ။ DNS Serverက IP Address အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီအခါကျမှ သင်က facebookကို အသုံးပြုလို့ ရတာပါ။ သင် ၀က်ဆိုက်တစ်ခု ဖွင့်တိုင်း DNS Server က ကြားထဲကနေ အလုပ် လုပ်ပေးနေတာပါ။ အဲဒီအတွက် အင်တာနက် အမြန်နှုန်းက DNS server ပေါ်မှာလည်း မူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP) တွေရဲ့ DNS ကို သုံးကြပါတယ်။ သင့် အင်တာနက် Speed ပိုမိုကောင်းမွန်အောင်လို့ သင့် ISPရဲ့ DNS ကို မသုံးဘဲ တစ်ခြား DNS(google dns,open dns etc:)တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ Router, Windows, Smart Phones တွေမှာ DNS Server ကို ပြောင်းနည်းတွေကို ရေးပေးလိုက်ပါတယ်။ On Your Router သင့်ရဲ့ Network တစ်ခုလုံးအတွက် DNS Serverကို ပြောင်းလဲချင်ရင် Router ကနေ ပြောင်းပါ။ အဲဒီ Network တစ်ခုလုံးမှာ ချိတ်ဆက်နေတဲ့ PCs, Smartphones, Tablets, Game Consolesနဲ့ တစ်ခြား Device တွေ အားလုံးက Router က DNS Server ကို အသုံးပြုတာ ဖြစ်ပါတယ်။ Default အားဖြင့်တော့ Router တွေက Internet Service Providerရဲ့ DNS Server ကို အသုံးပြုကြတာပါ။ Router က DNS Server ကို ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် အဲဒီ Network ထဲမှာ ချိတ်ဆက်နေတဲ့ Device တွေ အားလုံးက သင်သတ်မှတ်ထားတဲ့ DNS Server ကို အသုံးပြု ကြမှာပါ။ ဒီလိုလုပ်ဖို့ Routerရဲ့ Web Interfaceကို အသုံးပြုပါ။ ပြောင်းလဲနည်းကတော့ သင့်ရဲ့ Router ပေါ်မူတည်ပါတယ်။ ဘယ်လို လုပ်ရမလဲဆိုတာ သင်မသိရင် Router’s Manual မှာ Instructions တွေကို ရှာပြီးလေ့လာပါ။ Default Password ကိုလည်း မှတ်သားပါ။ လေ့လာပြီးရင် Pages တစ်ခုခု မှာ DNS Option ကို တွေ့ရှိရမှာဖြစ်ပြီး DNS Server ကို ပြောင်းလဲပါ။ ဒီလို ပြောင်းလဲခြင်းဟာ Network တစ်ခုလုံးကို အကျိုးသက်ရောက်စေပါတယ်။ ပြောင်းလဲအသုံးပြုဖို့ Google DNS, Open DNS စသဖြင့် အမျိုးမျိုးရှိပြီး Google ကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အောက်ကပုံမှာ တွေ့မြင်ရတာကတော့ Google DNS Server ဖြစ်ပြီး Primary DNS Server က 8.8.8.8 ဖြစ်ပြီး Secondary DNS Serverက 8.8.4.4 ဖြစ်ပါတယ်။ clip_image004 Windows – Control Panel တစ်ခြား Device တွေမှာလည်း DNS Serverကို သီးခြား ပြောင်းလဲအသုံးပြုနိုင်ပြီး Windows မှာ Network Adapter တစ်ခုချင်းစီအတွက် သီးခြား DNS Serverတွေ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ သင်က Laptop တစ်လုံးထဲမှာ Wireless, Wired Network Connections နှစ်ခုစလုံး အသုံးပြုတယ်ဆိုရင် Wi-Fi, Ethernet စတဲ့ ကွန်နက်ရှင်တွေအတွက် တစ်ခုချင်းစီ သီးခြားပြောင်းလဲပေးရမှာပါ။ Windows မှာ DNS Server ပြောင်းလဲဖို့ Taskbar က Network Icon ပေါ်မှာ Right Click နှိပ်ပြီး Open Network and Sharing Center ကိုနှိပ်ပါ။ clip_image005 ဘယ်ဘက်မှာရှိတဲ့ Change adapter settings ကိုနှိပ်ပါ။ clip_image006 ပြောင်းလဲချင်တဲ့ Network Adapter ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။ clip_image007 Properties ၀င်းဒိုးပေါ်လာရင် Internet Protocol Version 4 (TCP/IPv4) ကိုရွေးချယ်ပြီး Properties ကိုနှိပ်ပါ။ clip_image008 “Use the following DNS server addresses” ကို ရွေးချယ်ပေးပြီး “Preferred DNS server:”, “Alternate DNS server:” စတာတွေမှာ သင်နှစ်သက်ရာ DNS Server Addressesကို ဖြည့်ပေးပါ။ DNS Server Addressesတွေကို Google ကနေရှာနိုင်ပါတယ်။ အောက်မှာတော့ Google DNS, OpenDNS နှစ်ခုရဲ့ DNS Server Addresses တွေကို ဖော်ပြပေးထားပါတယ်။ Google DNS Preferred: 8.8.8.8 Alternate: 8.8.4.4 OpenDNS Preferred: 208.67.222.222 Alternate: 208.67.220.220 clip_image009 Windows – Quick Switching DNS Servers တွေကို အပေါ်ကနည်းအတိုင်း ပြောင်းလဲ အသုံးပြုရတာ လုပ်ရတဲ့အဆင့်တွေများပြီး အလုပ်ရှုပ်ပါတယ်။ သင့် ဟာ DNS Servers တွေကို အမြဲပြောင်းလဲပြီး အသုံးပြုသူတစ်ယောက်ဆိုရင်တော့ DNS Jumper ဆိုတဲ့ Freeware ကို အသုံးပြုဖို့ အကြံပေးပါတယ်။ DNS Jumperကို သုံးရင် အလွယ်တကူနဲ့ Google Public DNS, OpenDNS စတာတွေ အပြင်တစ်ခြား DNS (၃၉) ခုကို အလွယ်တကူ ပြောင်းလဲသုံးနိုင်ပါတယ်။ နောက်ပြီး DNS Jumperက Fastest DNS တွေကို ရှာပေးနိုင်လို့ အမြန်ဆုံး DNS ကို ရွေးချယ် သုံးနိုင်ပါတယ်။ DNS Jumper ကို run ပြီး Fastest DNS ကို နှိပ်ပါ။ clip_image010 Find Fastest DNS ကိုနှိပ်ပါ။ clip_image011 ဒါဆိုရင်အမြန်ဆုံး DNS ကိုတွေ့ မြင်နိုင်ပြီး Apply Fastest DNS ကိုနှိပ်ပါ။ clip_image012 သင့် ISP ရဲ့ DNS ကို ပြန်ပြောင်းချင်ရင်တော့ star iconကို နှိပ်ပြီး Default DNSကို နှိပ်လိုက်ရင် နဂို DNS ကို ပြန်ပြောင်းပေးမှာပါ။ clip_image014 Windows – Command Line အပေါ်ကနည်းတွေကို မသုံးဘဲ Command ကို အသုံးပြုနိုင်ပါသေးတယ်။ Command Prompt ကို Administrator အနေနဲ့ Run ပြီးအောက်က Command ကို ရိုက်ထည့်ပေးပြီး Enter ခေါက်ပါ။ ဒီ Command ကို Batch Files အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ netsh interface ip set dns name=”Local Area Connection” static 8.8.8.8 change-dns-server-from-command-prompt On Your Smartphone or Tablet Android, iOS Device တွေမှာလည်း DNS Server ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒီလို ပြောင်းလဲအသုံးပြုတာက Single Network တစ်ခုတည်းကိုပဲ အကျိုးသက်ရောက်စေပါတယ်။ သဘောက Home Networkမှာ DNS Server ပြောင်းလဲ အသုံးပြုတယ်ဆိုပါစို့ ။ Wi-Fi Network တစ်ခုကို ချိတ်ဆက်ပြီး အသုံးပြုရင် DNS Serverကို ထပ်ပြီး ပြောင်းလဲပေးဖို့ လိုပါတယ်။ ဒီလိုလုပ်ဖို့ Android ရဲ့ Wi-Fi Network List ကိုဖွင့်ပြီး ချိတ်ဆက်မိနေတဲ့ Network ပေါ်မှာ ဖိထားပါ။ Modify Network ကို နှိပ်ပြီး “Show advanced options” ဆိုတဲ့ Check Box မှာ အမှန်ခြစ်ပေးပါ။ IP Settingsမှာ Static ပြောင်းပေးရင် DNS Server ကို ပြောင်းလဲဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။ clip_image018 အပေါ်ကနည်းက သင့်ကို အလုပ်ရှုပ်စေတယ်ထင်ရင် DNS Serverကို အလွယ်တကူ ပြောင်းပေးတဲ့ Application ကို သုံးနိုင်ပါတယ်။ သင့် Android ဖုန်းက Root လုပ်ထားတယ် ဆိုရင်တော့ Set DNS app ကိုသုံးနိုင်ပြီး သင်ပြောင်းချင်တဲ့ DNS Server ကို အလွယ်တကူ ပြောင်းနိုင်ပါတယ်။ Set DNS က သင့်ဖုန်း Network တစ်ခုကို ချိတ်ဆက်မိပြီဆိုတာနဲ့ DNS Server ကို အလိုလို ပြောင်းပေးနိုင်ပါတယ်။ clip_image020 iOS Device တွေမှာလည်း ဒီနည်းအတိုင်း ပြောင်းနိုင်ပါတယ်။ Wi-Fi Settings ကိုသွားပြီး ချိတ်ဆက်မိနေတဲ့ Networkက Arrowကို Tap တစ်ချက်နှိပ်ပါ။ DNS field ကို တစ်ချက်နှိပ်ပြီး နှစ်သက်ရာ DNS Server ကို ပြောင်းနိုင်ပါတယ်။ Windows PCမှာ DNS Server ပြောင်းပြီးရင်တော့ အကျိုးသက်ရောက်စေဖို့ DNS Cache ကို Flush လုပ်ပေးရပါမယ်။ ဒီလို လုပ်ဖို့အောက်က Command ကို Command Prompt မှာ ရိုက်ပေးပါ။ DNS Jumper ကို အသုံးပြုရင်တော့ Flush DNS ပြုလုပ်ဖို့ Function ပါရှိပါတယ်။ ipconfig /flushdns Myanmar ICT မှာကျွန်တော်ရေးထားသောဆောင်းပါးကိုကူးယူဖော်ပြပါသည်။ www.kothuya.com

Source: http://www.aungkyaw.net/2013/10/internet-connection-dns-server.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်

Sunday, September 29, 2013

Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။
 
 

မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ်တာကတော့ အင်တာနက်ရရှိနေတဲ့ Network ကြိုးတစ်ချောင်းနှင့် Router တစ်လုံးပဲလိုအပ်ပါတယ်။

 
အရင်ဆုံး ဆက်သွယ်ရေးက ချပေးတဲ့ Moden နဲ့Splitter တပ်ဆင်ပုံလေးကိုပြောပါ့မယ်။ ပုံလေးကိုအရင်ကြည့်လိုက်ပါ။
Moden က ထွက်လာတဲ့ lan ကြိုးကို Router ရဲ့ Lan အပေါက် အ၀ါမှာထိုးပါ။
အာက်ကပုံလေးမှာပြထားပါတယ်။ ဖုန်းကြိုးကိုတော့ Splitter ဘူးရဲ့ တစ်ပေါက်ထဲရှိတဲ့ ဘက်မှာတပ်ပါ။
နှစ်ပေါက်ပါတဲ့ ဘက်က moden ဆိုအပေါက်မှာ ဖုန်းကြိုး တစ်ချောင်းကို တပ်ပါ ကျန်တစ်ဖက်ကိုတော့ Moden ရဲ့ ဖုန်းလိုက်ပေါက်မှာတပ်ပါ။ ကျန်တစ်ပေါက် မှာ ဖုန်းဆိုတဲ့ အပေါက်လေးလွတ်နေပါအုံးမယ် အဲဒီမှာ အိမ်က ကြိုးဖုန်းလည်း သုံးအုံးမယ်ဆိုရင်တော့ ဖုန်းကြိုးကို တပ်ပြီး ဖုန်းပါထိုးနိုင်ပါတယ်။

ပုံမှပြထားတဲ့အတိုင်း Lan ကြိုးကို Lan အပေါက် အ၀ါ မှာတပ်ပြီး ကျန်ကြိုးတဖက်ကို ကွန်ပြူတာမှာတပ်ပါ။ အပြာကတော့ Wan ပါ ဆက်သွယ်ရေးကချပေးတဲ့ Moden က ထွက်လာတဲ့ Lan Cable ကို တပ်ရမှာပါ။
အပေါ်ပုံမှာပြထားတဲ့ အတိုင်း Router ဘူးခွံရဲ့ တစ်နေရာရာမှာ ပါမယ်ထင်ပါတယ်။
USer Name = admin
Password = admin
IP Address = 192.168.0.1

ဘာကြောင့်ဖော်ပြပေးတာလည်းဆိုတော့ သူ့ရဲ့ Defaults ဆိုတာကို သိစေချင်လို့ပါ။
ကျွန်တော် လုပ်ဖူးတဲ့ Router တော်တော်များများကတော့ အဲ့အတိုင်းပါပဲ။
Firefox ကို ဖွင့်ပါ (အခြား Browser လည်းရပါတယ်) Router ရဲ့ IP ကို ရိုက်ပါမယ်။
သဘောကတော့ Router, CPE ထဲကိုဝင်ချင်ရင် သူ့ရဲ့ IP ကို ရိုက်ထည့်ရပါတယ်။
ပထမဆုံးပုံမှာပြထားတဲ့ အတိုင်း User Name = admin / Password = admin ကိုရိုက်ဝင်ရပါမယ်။
အဲ့ခါ သူရဲ့ Page Setting ကိုရောက်ပါလိမ့်မယ်။ 
ဘာကြောင့် admin ရိုက်ရလည်းဆိုတော့ သူရဲ့မူရင်း Default မှာပြထားလို့ဖြစ်ပါတယ်။
Page Setting ကိုရောက်ပြီဆိုရင်တော့ နှစ်ပိုင်းခွဲမှတ်လိုက်ပါခင်ဗျာ။ 
အလွယ်ပေါ့နော် WAN နဲ့ LAN  ပေါ့ဗျာ :D

Lan ပိုင်းကိုပြောပါ့မယ် အဲဒါကတော့ Router  တွေ့ရဲ့ Default IP ပါ။ Router ထဲကို ၀င်တုန်းက ရိုက်ခဲ့တဲ့ IP 192.168.0.1 ဆိုလိုပါတယ်။ မိမိကြိုက်တဲ့ IP ကို ပြောင်းလဲသတ်မှတ်ခွင့်ရပါတယ်။
သတိထားရမှာ တစ်ခုက Lan နဲ့ Wan IP တူနေလို့မရပါဘူး။
Eg. Wan က ဆက်သွယ်ရေးက ချပေးတဲ့နံပါတ်ပါ။ Gateway က အဓိကပါ။
ကိုယ့်ကိုချပေးတဲ့နံပါတ်ကို ဥပမာအနေနဲ့ပြပါ့မယ်။

ip address =192.168.1.2
subnet mask = 255.255.255.248
default gateway = 192.168.1.1

primary dns = 203.81.64.18
secondary dns = 203.81.64.19

Wan ရဲ့ default gateway 192.168.1.1 ဆိုရင်  Lan ရဲ့ IP ကိုလွဲပေးလိုက်ပါ။

Lan ကို 192.168.0.1 ပေါ့ခင်ဗျာ ဒါမှမဟုတ် 192.168.10.100 ကြိုက်တာပေးလို့ရပါတယ်။ ဒါဆိုရင်တော့ နောက်တစ်ခါ Router ထဲကို ပြန်ဝင်ချင်တယ်ဆိုရင်တော့ မိမိပြောင်းလိုက်တဲ့ lan ip နံပါတ်ကို ရိုက်ပေးပြီးဝင်ရမှာဖြစ်ပါတယ်။

 WAN ကို Setting ထည့်ပါ့မယ်။





             Network မှတဆင့် Internet Access ကိုနှိပ်ပါ။ Wan only ကိုရွေးပြီး Save လုပ်ပါ။










 Network ကို နှိပ်ပါ။

Wan connection Type မှာ Static IP ကို ရွေးပေးပါ။
IP Address, Sub Mark, Default Gateway, DNS တွေကို ဖြည့်ပေးပြီး Save ပါ။
(MPT ကချပေးတဲ့ IP တွေကိုဖြည့်ပေးရမှာပါ)
 Wan အပိုင်းတော့ပြီးပါပြီ။ 
Router ထဲသို့ အင်တာနက်ရောက်မရောက်ကို သိရအောင် Status မှာ Page ရဲ့အောက်ဆုံး Teaffic Statistic မှာ ကြည့်နိုင်ပါတယ်။ Received မှာ ပြပြီဆိုရင်တော့ ok ပါပြီ။


 Router ထဲကို အင်တာနက်ရောက်ပြီဆိုတော့ ပြန်လွှင့်ဖို့အတွက် Wireless အပိုင်းကို ဆက်ပါမယ်။


WIRELESS
*********
WiFi လွှင့်ဖို့အတွက် Wireless ကို Setting ထည့်ပါမယ်...  Wireless ကိုနှိပ်ပါ။
SSID မှာ မိမိအသုံးပြုလိုတဲ့ နာမည်ကို ထည့်ပြီး SAVE ပါ။ wifi လေးပါ တစ်ခါထဲလွှင့်ချင်တယ် ဆိုရင်တော့
Enable wireless Router Radio ဆိုတဲ့ဘေးနားကအမှတ်လေးကိုခြစ်ပေးလိုက်ပါ။
SAVE ကိုနှိပ်လိုက်တဲ့အခါ အပေါ်မှာပြထားသည့်ပုံအတိုင်း မြင်ရပါလိမ့်မယ်။ 
Click Here ကိုနှိပ်ပါ။
Reboot ကိုနှိပ်ပါ။
အပေါ်မှာပြထားသည့်ပုံအတိုင်း Restarting လုပ်ပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ Page Setting မှ Wriless မှာ မိမိပြောင်းလည်းလိုက်တဲ့ နာမည်ကို ပြောင်းလည်းပြီး မြင်တွေ့ရမှာပါ။
ကွန်ပျူတာရဲ့ Wireless ကို ဖွင့်ကြည့်လိုက်ပါဦး။ 
အပေါ်ပုံမှာ ပြထားသလို မိမိနာမည်နဲ့ Wifi လိုင်းလွှင့်ပြီး ဖော်ပြပေးနေပါလိမ့်မယ်။
Security အတွက် ဘာ Password မှ မထည့်ထားရသေးတော့ ( ? ) ပုံလေးနဲ့ ပြနေမှာပါ။
Password ထည့်လွှင့်ဖို့ Setting ဆက်ထည့်ပါမယ်။
Wireless ကို နှိပ်ပါ။
Security Settings ကိုနှိပ်ပါ။
မြှား (၁) မှာပြထားတဲ့ Version မှာ WPA2 PSK ကိုရွေးပေးပါ။
မြှား (၂) Encryption မှာ Automatic အတိုင်းထားလည်းရပါတယ်။
မြှား (၃) PSK Password မှာ မိမိ အသုံးပြုလိုတာ ထည့်ပါ။
အနည်းဆုံး အက္ခရာ သို့မဟုတ် နံပါတ် ဒါမှမဟုတ် အက္ခရာ + နံပါတ် + လက္ခဏာပါ ပေါင်းပြီးထည့်ပေးလို့ရပါတယ် အနည်းဆုံး ( ၈ ) လုံးတော့ထည့်ပေးပါ။ ပြီးသွားရင်
Save လုပ်ပါ။
Save နှိပ်လိုက်ပါက အပေါ်ကပုံအတိုင်း တွေ့ရမည်ဖြစ်ပြီး မြှားပြထားသည့် Click Here ကို နှိပ်ပါ။
Reboot ကို ထပ်နှိပ်ပါ။

Restarting လုပ်ပါလိမ့်မယ်။ ခဏဆောင့်ပေးပါ။
ပြန်တက်လာတဲ့ အခါမှာ ကွန်ပျူတာက WiFi ကို ကြည့်လိုက်ပါက 
အပေါ်မှာ ပြထားသည့်ပုံအတိုင် Security Type မှာ WPA2-PSK လို့ပြောင်းလည်းဖော်ပြနေပါလိမ့်မယ်။
============================================
ဒီနေရာမှာ တစ်ခုပြောချင်တာက Router ကို ၀င်တဲ့ IP က WiFi လိုင်းကိုဝင်ချိတ်သုံးယုံနဲ့ သိတာပေါ့နော်။
IP ကို သိလို့ Router ကို ၀င်ရင် User Name နဲ့ Password ကို မူရင်းအတိုင်း 
admin ထားမယ်ဆိုရင် ကိုယ့် Router ထဲ ၀င်ချင်တိုင်း ၀င်လို့ရသွားပြီပေါ့။ 
အဲ့တော့ ကျွန်တော်တို့ Router ထဲ ၀င်တဲ့ User Name နဲ့ Password ကို ပြောင်းပါမယ်။
============================================
Maintenance ကို နှိပ်ပါ။
System Tools မှတဆင့် Password ကို နှိပ်ပါ။
ပုံမှာပြထားသည့်အတိုင်း 
Old user Name မှာ အရင်သုံးခဲ့တဲ့ admin
Old Password မှာ အရင်သုံးခဲ့တဲ့ admin
New တွေမှာတော့ မိမိအသစ်သုံးလိုတာကို ဖြည့်ပေးလိုက်ပြီး Save လုပ်ပါ။

ဒီအတိုင်းပြန်တက်လာပြီး အသစ်ပြုလုပ်လိုက်တဲ့ User Name နဲ့ Password ကို အသုံးပြုနိုင်ပါပြီ။
Router ကို အင်တာနက်ရရှိစေပြီး WiFi လည်း ပြန်လွှင့်ပေးပြီးပါပြီ။ ကြိုးဖြင့်လည်း အသုံးပြုနိုင်ပါပြီ။

(လိုအပ်တာများရှိရင်လည်း အကြံပေးနိုင်ပါတယ်ခင်ဗျာ)

Credit >>>> www.pyayblogger.com
Related Posts Plugin for WordPress, Blogger...

ကြော်ငြာလေးကို..Click ပေးပါအုံး

Slider(Do not Edit Here!)