Showing posts with label နည်းပညာဆိုင်ရာ ဗဟုသုတ. Show all posts
Showing posts with label နည်းပညာဆိုင်ရာ ဗဟုသုတ. Show all posts

Sunday, October 20, 2013

စတိဗ်ဂျော့ဘ် အကောင်အထည် မဖော်ဖြစ်ခဲ့သည့် Apple ၏ မဟာစီမံကိန်း

http://d.fastcompany.net/multisite_files/fastcompany/imagecache/1280/poster/2013/10/3020188-poster-p-2-3-ways-burberrys-ceo-will-impact-apples-new-spaceship-style-headquarters.jpg

Apple ကို ကမ္ဘကျော် နည်းပညာ လုပ်ငန်းစုကြီး ဖြစ်လာအောင် အဓိက ဦးဆောင် ထူထောင်ခဲ့သည့် စတိဗ်ဂျော့ဘ်၏ လက်တွေ့ အကောင်အထည် မဖော်ဖြစ်ခဲ့သော စီမံကိန်းကြီး တစ်ရပ်ကို Apple က ယခုအခါ ထုတ်ဖော် ပြသလာခဲ့ပြီ ဖြစ်သည်။ iPhone နှင့် iPad တို့၏ ဖခင်ကြီးအဖြစ် တင်စားခံရသော ဂျော့ဘ်သည် စိတ်ကူးစိတ်သန်း အလွန်ကောင်းမွန်စွာ ဖန်တီးထားသည့် Apple ဌာနချုပ်ကြီးတစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ခဲ့သော်လည်း လက်တွေ့ မဖြစ်မြောက်မီ ကွယ်လွန်ခဲ့ရှာသည်။ အမေရိကန်သား တီထွင်မှု ပါရမီရှင်ကြီးသည် အချင်း (၁) မိုင်မျှ ကျယ်ဝန်းသည့် စက်ဝိုင်းပုံ အဆောက်အအုံကြီး တစ်ခုကို အနုစိတ် ဒီဇိုင်းဖန်တီးကာ သစ်ပင်ပေါင်း (၇၀၀၀) ကျော် ထည့်သွင်း စိုက်ပျိုးပြီး သဘာဝဆန်ဆန် စိမ်းစိုနေအောင် ရည်ရွယ်ထားခဲ့သည်။

ကြည်လင်သော ဖန်သားနံရံများ၊ အမိုးပေါ်တွင် အပြည့်တင်ဆင်ထားသည့် ဆိုလာပြားများ၊ သဘာဝဆန်ဆန် ပတ်ဝန်းကျင်မျိုး ဖြစ်တည်စေရန်အတွက် မြေအောက်လှိုဏ်ခေါင်းထဲ နိမ့်ဆင်းဖောက်လုပ်ထားမည့် ကားဂိုဒေါင်များ အားလုံးသည် အခန်းတစ်ခုလုံးစာ အကျယ်အဝန်းရှိ ပုံစံငယ်ထဲတွင် အသေးစိတ် ဖော်ပြထားသည်။ ယခုအခါ Apple က Spaceship ဟု အမည်ပေးထားသည့် အဆိုပါ ပုံစံငယ်ကို အတည်ပြု ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်သည်။ (၂၀၁၁) ခုနှစ်က ဂျော့ဘ်ဖန်တီးခဲ့သည့် အဆောက်အအုံ ဒီဇိုင်းကို အမှုဆောင်ချုပ် ပီတာအိုပန်ဟိုင်မာနှင့် Apple ၏ အဆောက်အအုံဆိုင်ရာ အကြီးတန်း ဒါရိုက်တာ ဒန်ဝင်ဆန်ဟော့တ်တို့က မိတ်ဆက်ပြခဲ့သည်။

Apple သည် ယခုအခါ ဂျော့ဘ်၏ အိပ်မက်ကို အကောင်အထည် ဖော်ရန်အတွက် စီမံကိန်း စတင်ခွင့်ကို ကယ်လိုဖိုးနီးယားရှိ ကူပါတီနို မြို့တော်ကောင်စီနှင့် ဆွေးနွေးသွားမည် ဖြစ်သည်။ ကူပါတီနိုတွင် ခမ်းနားသော ဌာနချုပ်သစ် တည်ဆောက်ရေးသည် ဂျော့ဘ်၏အကြီးကျယ်ဆုံးမျှော်လင့်ချက်တစ်ခုလည်း
ဖြစ်ခဲ့သည်။ ယခု အဆောက်အအုံ ဒီဇိုင်းကို ဂျော့ဘ်၏ စိတ်ကူးအတိုင်း Apple ၏ ဒီဇိုင်းပညာရှင် ဂျိုနီအိုင်ဗီနှင့် နာမည်ကျော် ဗိသုကာ ပညာရှင် ဆာနော်မန် ဖော်စတာတို့က မွမ်းမံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆောက်အအုံသည် (၄) ထပ်ဖြစ်ပြီး မြက်ခင်းပြင် ဖုံးလွှမ်းသည့် ဒိုးနတ်မုန့်ကြီးနှင့် တူကြောင်း ဆန်ဖရန်ဆစ္စကို အပတ်စဉ်ထုတ် မဂ္ဂဇင်းက ခိုင်းနှိုင်းရေးသားခဲ့သည်။ ဂျော့ဘ်သည် နေစွမ်းအင်၊ သဘာဝဓာတ်ငွေ့တို့ကို စွမ်းအင်ကဏ္ဍအတွက် အဓိက မှီခိုရန် ရည်ရွယ်ခဲ့သလို ဌာနချုပ် နေရာကို စိမ်းစိုသာယာသည့် ပတ်ဝန်းကျင်မျိုးအဖြစ် ပုံဖော်တည်ဆောက်ရန် အဓိက ဦးတည်ထားသည်။ သဘာဝလေအေး အဝင်အထွက် စနစ်ကို အသားပေးထားသော အဆောက်အအုံတွင် တစ်နှစ်တာ၏ (၇၀) ရာခိုင်နှုန်းမျှ အချိန်ကာလကို လေအေးပေးစက်များ အားမကိုးဘဲ ဖြတ်သန်းနိုင်မည် ဖြစ်သည်။ အလင်းပေး စနစ်များတွင်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု နည်းပါးသည့် LED မီးများကို အဓိက တပ်ဆင်သွားမည်ဟု သိရသည်။

ဝင်ဆန်ဟော့တ်က “ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လို အဆောက်အအုံနဲ့မဆို သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့ စံနှုန်းနှိုင်းယှဉ်ချက်မှာ အသာစီးရမယ့် ဒီဇိုင်းမျိုး ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ ဂျော့ဘ်သည် မော်တော်ကားများကို အဆောက်အအုံ ဝင်းအတွင်းပင် ရပ်နားစေလိုဟန် မရှိဘဲ မြေအောက်ကားပါကင်နှင့် အထပ်မြင့် ကားပါကင်များတွင် သိုဝှက်ထားစေကာ ပတ်ဝန်းကျင် စိမ်းလန်းမှုကို အလေးပေး ချဉ်းကပ်ထားခဲ့သည်။ အဆောက်အအုံ၏ ဗဟိုချက်တွင်လည်း လှပထည်ဝါသော သစ်ကြီးဝါးကြီးများ စိုက်ပျိုးရန် နေရာချထားသည်။ ထို့အပြင် လှပအေးချမ်းသည့် ရေကန်ငယ်လေး တစ်ခုလည်း ပါရှိနေမည်ဟု သိရသည်။ “ကျွန်တော်တို့ အနေနဲ့ သစ်ခွမျိုးစိတ်တွေကို ပြန်သယ်ဆောင်လာပြီး ဒီတောင်ကြားရပ်ဝန်းမှာ ပျံ့ပွားစေချင်ပါတယ်” ဟုလည်း ဆိုသည်။

Apple သည် ရုံးဌာနချုပ် အဆောက်အအုံသစ် ဆောက်လုပ်ပြီးသည့်တိုင် ဝန်ထမ်း (၂၆၀၀) မျှ ဝင်ဆံ့သည့် လက်ရှိ ရုံးခန်းကိုလည်း ဆက်လက် အသုံးပြုဖွယ် ရှိနေသည်။ Apple ၏ အမှုဆောင်များနှင့် ကူပါတီနို မြို့တော်ကောင်စီတို့သည် ယင်းဌာနချုပ်သစ် ကိစ္စအတွက် ယနေ့ (အောက်တိုဘာ ၁၅) တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး အတည်ပြုမပြုကို နိုဝင်ဘာ (၁၉) ရက်နေ့၌ ဆုံးဖြတ်မည်ဟု သိရှိရသည်။

Ref & Credit to : Planet Myanmar News

Wednesday, October 9, 2013

ဆော့ဝဲ မသုံးပဲ winrar password ကိုလွယ်လွယ်ကူကူ ဖြေမယ်



 ကျနော်လည်း မအားတာနဲ့စာမရေးနိုင်တာလည်းကြာပီ

အခု့တော့ အသုံးဝင်တာလေးတခု့ ပေးခြင်ပါတယ် အသုံးပြု့ဖို့ လိုအပ်မယ့်

 ညီအကိုတွေ ဘော်ဒါတွေအတွက်ပါ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး ဒါပေမယ် လိုအပ်လို့ရှာရင်

မတွေ့ပါဘူး...ကဲစမယ်...နိုင်ငံခြားဆိုဒ်တွေ ကနေ software တွေဒါင်းတဲ့အခါ rar ဖိုင်တွေ ကို

password တွေ ခံထားတက်ကြပါတယ် အဲ့ဒီ password ကို သိနေရင်တော့ ဘာမှမဖြစ်ဘူး

မသိတော့ဘူးဆိုရင်တော့ အသုံးပြု့ဖို့ ခဲယဉ်းသွားပါတယ်

 ဒါကြောင့် software တွေကိုဖြေဖို့အတွက်အပိုဆော့ဝဲ ဒေါင်းစရာမလိုပဲနဲ့လွယ်လွယ်ကူကူဖြေလို့ရပါတယ်

သူငယ်ချင်းတို့လည်း မလုပ်ဖူးသေးလို့ မသိတာပါ တကယ်တော့ လွယ်လွယ်လေးပါ အောက်မှာ

ကျနော် ပုံအနည်းငယ်နဲ့ ရှင်းပြထားပါတယ်


ဒီ password ဖြည်တာကိုအသုံးပြု့ဖို့အတွက် winrar ကိုပဲ အသုံးပြု့တာပါ

မိမိ က winrar ကို အသုံးမပြု့ဘူး ဆိုရင်တော့ winrrar ကိုဒေါင်းထည့်ဖို့ လိုပါလိမ့်မယ်

လိုအပ်ရင် ဒီနေရာမှာ ဝင်ယူနိုင်ပါတယ်


အပေါ်ကပုံမှာ Arma actics ဂိမ်းကိုဖြေပါမယ် 

အောက်ကပုံအတိုင်း exe ဖိုင်ကိုပဲဖြစ်ဖြစ် txt ဖိုင်ကိုပဲဖြစ်ဖြစ် ကလစ် ၂ချက်ခေါက်ဖွင့်မယ်ဆိုရင်

password တောင်းပါတယ်


အောက်ကပုံကိုဆက်ကြည့်ပါ password ကိုဖြည်ပါမယ်

ဖြည်မယ့် ဂိမ်းဖိုင်ကို(မည်သည့်ဆော့ဝဲဖြစ်ဖြစ်) ထောက်ပြီး Right click နှိပ်လိုက်ပါ

ပုံထဲက အတိုင်း Convert achieve ဆိုတာလေးတွေ့နိုင်ပါတယ် နှိပ်လိုက်ပါ


အောက်ပုံအတိုင်း explorer လေးထပ်ပေါ်လာမယ် zip ကိုအမှန်ခြစ်ပေးပါ

အပြာရောင် အကွက်ကတော့ ဖြည်ပြီးတဲ့အခါ ဖိုင်သိမ်းမယ့်နေရာ ကိုပေးထားတာပါ

ကျနော်ကတော့Folder အသစ်လုပ်ပြီးတော့ ဖိုင်ကိုသပ်သပ် ပြန်သိမ်းလိုက်ပါတယ်

Delete Original Acheves ကိုအမှန်ခြစ်ပေးရင် မူရင်းဖိုင်ကိုဖျက်ပြီးတော့

Folder အသစ်နေရာမှာပဲ ပြန်သိမ်းပေးပါတယ် အပေါ်ကလုပ်စရာရှိတာလုပ်ပြီးရင်

OK ကိုနှိပ်လိုက်ပါ


OK ကို နှိပ်လိုက်ရင် နောက်ဆုံးအနေနဲ့ password တောင်းပါလိမ့်မယ်

ပေးလိုက်ပါ သူ achieves ဆက်လုပ်ပါလိမ့်မယ် စောင့်ပေးလိုက်ပါ ပြီးသွားရင်

ဖိုင်အသစ်နေရာမှာသွားကြည့်ပါ password ပေးစရာမလိုပဲနဲ့ ဖိုင်တွေကိုဖွင့်လို့ရပါလိမ့်မယ်


winzip နဲ့ ဖြည်တာတော့ ကျနော်လည်း မသိသေးပါဘူး winrar နဲ့ ဖြည်ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်

ကိုလတ်(ကျွဲဆင်း)

recovery room အကြောင်းဗဟုသုတ

 
recovery  room အကြောင်းဗဟုသုတဗျာ
=================================
တစ်ချို့ က ဖုန်းတွေကို root လုပ်ချင်တယ်မြန်မာစာထည့် ချင်ကြတယ် ။လုပ်နည်းလေးတွေကို ပုံသေနည်းနဲ့ တောင်းကြတယ်။အဲဒီအတွက်ကလုပ်ဖို့ တစ်ခုပဲရှိတယ် မိမိကိုယ်တိုင်နားလည်သဘောပေါက်အောင် လေ့ လာဖို့ ပါပဲ ။ယခု ရေးတဲ့ စာကိုသေသေချာချာဖတ်ပြီးသွားရင်တော့  မိတ်ဆွေတို့ အနေနဲ့ ဗဟုသုတ တစ်ခုတော့ ရနိုင်မယ်လို့ မျှော်လင့် ပါတယ်။ဒါကိုသေသေချာချာဖတ်ပြီးရင်တော့ သာမန် နားမလည်တဲ့ သူတွေတောင်ဘာလုပ်ရမယ်ဆိုတာနားလည်သွားအောင်ရှင်းပြပေးထားပါတယ်။ဖုန်းကိုင်ထား
တဲ့ မိတ်ဆွေတိုင်းဖတ်ထားသင့် ပါတယ်လို့ ယူဆလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Recovery မှာ (၂)မျိုးရှိပါတယ်
-------------------------------
(၁)Android System Recovery (or) Stock recovry

(၂)Clock work mod recovery (or) Custom  recovery ဟူ၍ နှစ်မျိုး
ရှိပါတယ်

 ( ၁ )Android System Recovery(or)Stock recovry
--------------------------------------------------------
Stock recovery ဆိုတာ ဖုန်း စ၀ယ်တည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာ
နဲ့ အပေါ်ဆုံးတန်းလေးမှာ Android System Recovery လို့ ပါနေပါလိမ့်
မည် အဲဒါကို Stock recovery လို့ခေါ်ပါသည်သူ့ မှာအောက်ပါအတိုင်းပါဝင်ပါတယ်။

reboot system now

apply update from external storage

wipe data/factory reset

wipe cache partition

apply update from cache

အဲဒါတွေ အများစုပါပါတယ် တစ်ချို့တလေ ကတော့နည်းနည်းကွဲလွဲပါတယ်

ှStock recovery
-----------------
ှStock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zip
တွေလောက်ဘဲ အသုံးဝင်ပါတယ် Factory reset လုပ်တာကတော့ ကိုယ့်ရဲ့
ဖုန်းကို ဖုန်းဝယ်စဉ်က အတိုင်း ပြန်ဖြစ်အောင်လုပ်တာပေါ့ အထဲက မိမိ
ထားတဲ့ အရာမှန်သမျှတွေကို ရှင်းလင်းထုတ်ပေးတာ ဖြစ်ပါတယ်။
 update.zip
---------------
မိမိ့ လိုချင်တဲ့ ဖိုင်လေးတွေ ဆောက်ပြီးတော့ သူရဲ့ system ထဲကို
တစ်ခါတည်း ထည့်သွင်းတဲ့ သဘောပါ။

 wipe cache
-------------------
 wipe cache  လုပ်တယ်ဆိုတာကတော့ စက်ရဲ့ (background )
က run နေတဲ့ ကောင်တွေကို ရှင်းပေးတဲ့ သဘောပါ / ( ဥပမာ  ) စက်နည်းနည်းလေး
နေရင် wipe cache လေး လုပ်ပေးလိုက်တာနဲ့ စက်နည်းနည်း ပေါ့သွားစေပါတယ်။

wipe cache လုပ် လိုက်ရင် အထဲက data တွေ ဘာမှမပျက်
ပါဘူး
(၂)Clock work mod recovery(or)Custom recovery(CWM)
-----------------------------------------------------------------------
 Stock recovery နဲ့ နည်းနည်း ကွဲလွဲသွားပါတယ်။
  Hacker တွေ တီထွင်ထားတာကို သုံးထားတဲ့ သဘောပါ။အရင်ကတည်းက  Android က open source ဖြစ်တဲ့ အတွက် ကိုယ့်လုပ်ချင်တာ လုပ်လို့ ရတယ်
ဆိုတဲ့ သဘောပေါ့ ဒီကောင်လေးကတော့ Stock recovery ထက် အများကြီး
လုပ်ဆောင်နိုင်ပါတယ်သူထဲမှာ ဘာတွေ ပါလဲဆိုရင် Stock Recovery ရဲ့လုပ်ဆောင်ချက်
တွေအပြင်တစ်ခြားထူးခြားကောင်းမွန်လှတဲ့လုပ်ဆောင်ချက်တွေလည်း ပါပါတယ်
 
Clock work mod recovery
------------------------------------
 မှာ
reboot system now
apply sdcard:update.zip
wipe data/factory reset
wip cache partation
install zip from sdcard
backup and restore
mounts and storage
advanced ဆိုတဲ့ အချက်တွေ အပြင်တစ်ခြားအချက်လက်တွေလည်း ပါပါတယ်  Clock work mod recovery ကို
  cwm လို့ အများကအတိုကောက်ခေါ်ဝေါ် သုံးစွဲ ကြပါတယ် cwm ရဲ့ လုပ်ဆောင်ချက်တွေက
တော့ ROM တစ်ခုလုံးကို Backup မှတ်လို့ရတယ် restore ပြန်လုပ်လို့ရတယ်  system file တွေကို ဆွဲထုတ်ပြီးတော့ sd card
ထဲမှာ သိမ်းထားတဲ့လို့ ရပါတယ် အကယ်၍ systemကိုမိမိ ကလိ
လိုက်လို့ တစ်ခုခု ဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်ရင်ရပါတယ် ။ cwm ကနေ
  root ,မြန်မစာတွေ ကိုထည့် သွင်းနိုင်ပါတယ် ။  ဥပမာ  huawei ဖုန်းတစ်လုံးကို cwm ထည့်တယ် ပြီးတော့ cwm ကနေပြီးတော့
root.zip ဆိုတဲ့ ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ အဲဒါက cwm ထည့်
ထားလို့ hacker တွေ ထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ရတာပါ
အခုနောက်ပိုင်း root.zip ဆိုတဲ့ ဖိုင်လေးကိုလည်း ကိုယ့်ကိုတိုင် ထွင်တတ်နေကြ
ပါပြီ Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေး
တယ် ။ 
 custom rom 
-------------------------
 custom
rom ဆိုတာကတော့ လက်ရှိသုံးနေတဲ့ official rom(official firmware)ကို
Modify လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ တစ်ချို့ဖုန်းတွေမှာ ဆိုရင် official
firmware တင်လို့မရတဲ့ ဖုန်းတွေ ရှိပါတယ် အဲဒီအခါကျရင် Hacker တွေထွင်
ထားတဲ့ custom rom တွေကို သုံးကြပါတယ် ဒါပေမဲ့လည်း custom rom မှာက
အနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ် ကင်မရာ error,ဘလူးတု error,
အဖြစ်များပါတယ် အဲဒီအတွက်ကြောင့် မို့လို့ custom rom တင်မယ်ဆိုရင် error
ကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာများပါတယ်အများသောအားဖြင့်  custom rom မှာ zip ဖိုင်နဲ့ လာတာများပါတယ် ဒီကောင်လေးကလည်း cwm ရှိမှဘဲ
သွင်းလို့ရမှာဖြစ်ပါတယ်
 
 custom rom သွင်းနည်း
-------------------------------------------
 format ချထားတဲ့
memory card ထဲကို ဒေါင်းထားတဲ့ custom rom(zip) ဖိုင်လေး ကိုထည့်ပြီးတော့
install sd card  ကနေ။  သွင်းပေးရမှာ ဖြစ်ပါတယ်။
system rom တွေကိုလည်း un/amount ပြုလုပ်နိုင်ပါတယ်။  factory reset တွေ
လည်း ပြုလုပ်နိုင်ပါတယ်။  Huawei ဖုန်းတစ်ချို့ နှင့် အခြား ဖုန်းတွေ
မှာ cwm တင်ထားတဲ့ အတွက် official rom(official firmware) ပြန်တင်လို့
မရတာတွေလည်း ရှိတတ်ပါတယ် အဲဒီအခါကျရင် stock recovery ပြန်တင်ပြီးတော့
official firmware ကို ပြန်တင်ပေးရပါတယ်။  CWM Recovery တွေကို ဘယ်
ကနေသွင်းလဲ ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းအမျိုးအစား တစ်ခုချင်းစီအလိုက် Online
ကနေ recovery image(.img)ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေသွင်း
မှာ ဖြစ်ပါတယ်။  နောက်တစ်နည်းကတော့ ROM Manager ကနေသွင်းရမှာ ဖြစ်ပါတယ်
အဲဒီနည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်းထဲမှာ ထည့်ပြီး အဲဒီ ROM
Manager ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်။
 
ကဲဒီလောက်ဆိုရင်နည်းနည်းတော့ နားလည်သဘောပေါက်သွားမယ်လို့ မျှော်လင့် ပါတယ်။
 
Credit to-ခင်မောင်စိုး

Sunday, October 6, 2013

ကွန်ပျူတာ ကာကွယ်ရေးနည်းလမ်းများ







ကွန်ပျူတာ ကာကွယ်ရေးနည်းလမ်းများ



ကွန်ပျူတာကို အင်တာနက်ကနေ ချိတ်ဆက်အသုံးပြုတဲ့အခါမှာ ပြဿနာ

အမျိုးမျိုးကိုရင်ဆိုင်ရနိုင်ပါတယ်.အထူးသဖြင့် သင့်သတင်းအချက်

အလက်တွေကို ရယူပြီး သင့်အနေနဲ့ လုပ်ချင်ရာလျှောက်လုပ်တာမျိုးဟာ ဘဝပျက်တဲ့အထိ ထိခိုက်နိုင်ပါတယ်... သင့်ကွန်ပျူတာစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်အောင်လုပ်ဆောင်တာမျိုးတွေလည်း မဖြစ်မနေကြုံရနိုင်ပါတယ်... ဒါကြောင့် သင့်သတင်းအချက်အလက်တွေနဲ့ သင့်ကွန်ပျူတာစနစ်ကို ကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၁၀) ချက်ကို ဆွေးနွေးဖော်ပြပေးပါမယ်...



၁) ပထမအချက်အနေနဲ့ အရာအားလုံးကို Back up လုပ်ထားဖို့လိုပါမယ်... ဒါဆိုရင်အကြောင်းတစ်ခုခုကြောင့် သင့်စနစ်တွေထိခိုက်သွားမယ်

ဆိုရင်တောင် နဂိုအတိုင်း အမြန်ဆုံးပြန်ရောက်နိုင်ပါတယ်..



၂) ခန့်မှန်းရခက်တဲ့ password မျိုးကိုရွေးထားပါ... ဂဏန်းတွေချည်း

သက်သက် စာလုံးရေနည်းနည်းထားတာမျိုးတွေမလုပ်ပါနဲ့... default password တွေကို အမြဲပြောင်းပေးပါ...



၃) Antivirus တွေကို အသုံးပြုပါ... update နေ့စဉ်လုပ်ပါ...



၎) သင့် OS ကို မကြာခဏ update လုပ်ပေးပါ... software ထုတ်လုပ်

သူတွေက ထည့်ပေးထားတဲ့ security patches တွေအားလုံးကို apply လုပ်ထားပါ...



၅) Hacker တွေ တည်ကျက်အဖြစ်သုံးတတ်တဲ့ apps တွေကို ရှောင်ပါ... သင့် email က အချက်အလက်တွေကို အလိုအလျောက်ယူသုံးခွင့် မပေးပါနဲ့...



၆) အရေးကြီးတဲ့ email တွေပို့တဲ့အခါ PGP (Pretty good privacy) လိုမျိုး encryption software တွေကို အသုံးပြုပါ... သင့် hard drive တစ်ခုလုံးကို ကာကွယ်ဖို့လည်း ဒီ software ကို သုံးနိုင်တယ်လို့သိရပါတယ်...



၇) Spyware detection app တစ်ခုခုကို install လုပ်ထားပါ... ဖြစ်နိုင်ရင် တစ်ခုမကတွဲသုံးပါ... SpyCop လိုမျိုး program တွေကို မကြာခဏ run ပေးပါ...



၈) Personal Firewall တစ်ခုခုကို အသုံးပြုပါ... တခြားကွန်ပျူတာတွေ၊ network တွေနဲ့ site တွေက သင့်ကိုချိတ်ဆက်တာကနေ တားဆီး

ကာကွယ်ထားပါ... ကွန်ရက်ကိုအလိုအလျောက်ဆက်သွယ်ခွင့်ပြုမယ့် program တွေကို ရွေးချယ်သတ်မှတ်ထားပါ...



၉) သင်အသုံးမပြုတဲ့ system services တွေကို disable လုပ်ထားပါ... အထူးသသဖြင့် Remote Desktop, RealVNC နဲ့ NetBIOS တို့လိုမျိုး တခြားကနေ သင့်ကွန်ပျူတာကို remote access လုပ်နိုင်မယ့် app မျိုးတွေဖြစ်ပါတယ်...



၁၀) သင့် wireless network တွေကို လုံခြုံမှုရှိပါစေ... အိမ်မှာသုံးတဲ့အခါ WPA (Wi-Fi protected access) ကို စာလုံးရေအနည်းဆုံး ၂၀ လုံးပါတဲ့ password နဲ့ enable လုပ်ထားပါ... သင့် laptop ကို Infrastructure mode ကနေပဲ ချိတ်ဆက်ပါစေ... WPA မသုံးထားတဲ့ network တွေကို မချိတ်ဆက်ပါနဲ့...




 နှိုင်းရင့်နွေ



Ref: Computer & Mobile (٠ Hacking Tips & Trick ٠)

Tuesday, October 1, 2013

ကွန်ပျူတာ Crash ဖြစ်ရခြင်းရဲ့ အကြောင်းရင်း ၁၀ ချက်

ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း တစ်ခါမဟုတ်တစ်ခါတော့ fatal error ဆိုတာကိုမြင်ဖူးကြုံဖူးကြမှာပါ။

Fatal error တက်လာတဲ့အခါမှာ ထွက်လာတဲ့စာသားက”Enter to return to Windows or press Control-Alt-Delete to restart your computer. If you do this you will lose any unsaved information in all open applications.” ပါတဲ့။Microsoft Windows 98 မှာ အများဆုံးတွေ့တတ်ပါတယ်။

Ctrl+Alt+Delete ကိုနှစ်ခါဆက်တိုက်နှိပ်လိုက်မိတဲ့အချိန်မှာ အထက်ကစာသားမျိုးထွက်လာပါလိမ့်မယ်။Enterကိုနှိပ်ရင် Windows ကိုရောက်သွားမယ်၊ Ctrl+Alt+Deleteကိုထပ်နှိပ်မယ်ဆိုရင်တော့ Computer က Restart ဖြစ်သွားပါလိမ့်မယ်။ Restartဖြစ်သွားမယ်ဆိုရင် လည်းလက်ရှိလုပ်နေတဲ့အလုပ်တွေ save လုပ်မထားရင်တော့အကုန်ပျက်ကုန်မှာပေါ့။Windows XP မှာတော့ အဲဒီလိုမျိုးဖြစ်ခဲပါတယ်။

Ctrl+Alt+Delete နှစ်ခါနှိပ်လည်း Task Manager ပဲထွက်လာမှာပါ။ ဒါပေမယ့်ဘယ်ဝင်းဒိုးမှာပဲဖြစ်ဖြစ် ကြုံတွေ့နိုင်တဲ့ အဆိုးဝါးဆုံး error ကတော့ BlueScreen of Death လို့ခေါ်တဲ့ အပြာပြင်နောက်ခံနဲ့စာသားတွေတက်လာပြီးချက်ချင်းထိုးရပ်သွားတတ်တာပါပဲ။ ဒီလိုဖြစ်ပြီဆိုရင်တော့Restart လုပ်ရုံမှတပါး အခြားမရှိတော့ပါဘူး။ Saveမလုပ်ထားသမျှတော့သဲထဲရေသွန်ဖြစ်ပြီပေါ့ဗျာ။ဒီလိုအဖြစ်မျိုးမကြုံရအောင်ကြိုတင်ကာကွယ်ဖို့ဆိုရင် ဘာကြောင့်ဒီလိုဖြစ်တတ်တယ်ဆိုတာသိထားရင်….အကောင်းဆုံးပါပဲ။

computer crash ဖြစ်နိုင်တဲ့အဓိက အကြောင်းရင်း (၁၀) ခု ရှိတယ်ဗျ။အဲဒီ (၁၀) ချက်ကဘာတွေလဲဆိုတော့
1. Hardware conflict

2. Bad Ram

3. BIOS settings
 
4. Hard disk drives
 
5. Fatal OE exceptions and VXD errors

6. Viruses

7. Printers

8. Software

9. Overheating

10. Power supply problems

1. Hardware conflict
Windows crashes ဖြစ်နိုင်တဲ့အကြောင်းအရာအများကြီးထဲမှာမှ အဖြစ်နိုင်ဆုံး အကြောင်းရင်းတစ်ခုက ဟာ့ဒ်ဝဲအချင်းချင်းအဆင်မပြေဖြစ်တာပါပဲ။
ဟာ့ဒ်ဝဲတစ်ခုစီအတွက်ကွန်ပျူတာကို ချိတ်ဆက်တဲ့အခါမှာ ဘယ်လမ်းကြောင်းကနေချိတ်ဆက်မလဲဆိုတဲ့Interrupt Request Channel (IRQ) တွေ သတ်မှတ် ထားတာရှိပါတယ်။
ပစ္စည်းတစ်ခုချင်းစီအတွက်သီးသန့်လမ်းကြောင်းတွေရှိပြီးသားပါ။
အများဆုံးအသုံးပြုတာတွေကတော့………..ဒီလိုဗျ။
IRQ 0
System Timer
IRQ 1
Keyboard
IRQ 2
Cascaded with IRQ 9
IRQ 3
Default COM2 and COM4IRQ 4
Default COM1 and COM3
IRQ 5
LPT2
IRQ 6
Floppy Drive Controller
IRQ 7
LPT1
IRQ 8
Real Time Clock
IRQ 9
SEE 2
IRQ 10
Open
IRQ 11
Open
IRQ 12
PS/2 mouse or Open
IRQ 13
Math Coprocessor
IRQ 14
Primary Hard Drive controller
IRQ 15

Secondary Hard Drive controller

Devices တွေအများကြီးတပ်လိုက်တဲ့အခါမှာ၊ ဒါမဟုတ် ဟာ့ဒ်ဝဲအတွက် Driver ကိုမှန်မှန်ကန်ကန်မတင်ခဲ့တဲ့အခါမျိုးမှာအဲဒီ Devices တွေထဲကနှစ်ခုက IRQ လမ်းကြောင်းတစ်ခုတည်းကို အတူတူ request လုပ်တာ မျိုးဖြစ်တတ်ပါတယ်။

အဲဒီ Devices တွေကို တစ်ခုချင်းသုံးနေတဲ့အချိန်မှာ ပြဿနာမရှိပေမယ့်နှစ်ခုလုံးကိုပြိုင်တူသုံးတဲ့အခါမျိုးမှာတော့ conflict ဖြစ်ပြီး ကွန်ပျူတာ crash ဖြစ်တော့တာပါပဲ။ ဒီတော့ သုံးနေတဲ့ ကွန်ပျူတာမှာ Hardware conflict ဖြစ်မဖြစ်ကို စစ်ဆေးကြည့်ရအောင်ဗျာ။

Computer Management အောက်မှာရှိတဲ့ Device Manager မှာသွားကြည့်နိုင်ပါတယ်။Device Manager ကိုရောက်ဖို့အတွက်ကMy Computer မှာ Right Click နှိပ်၊ထွက်လာတဲ့ Menu Box ထဲက Manage ကိုရွေးလိုက်ရင်Computer Management Windows ထွက်လာပါလိမ့်မယ်။

ဘယ်ဘက်အခြမ်း System Tools အောက်က Device Manager ကိုနှိပ်လိုက်တဲ့အခါညာဘက်အခြမ်းက အကွက်မှာ ကွန်ပျူတာထဲမှာ တပ်ထားတဲ့ Device တွေကိုပြပါလိမ့်မယ်။တကယ်လို့ တပ်ဆင်ထားတဲ့ Hardware မှာ ပြဿနာတစ်ခုခုရှိမယ်ဆိုရင်အ၀ါရောင် ! ပုံလေးဖြစ်နေပါလိမ့်မယ်။ဒီသင်္ကေတကဘာကိုဆိုလိုလဲဆိုတော့…အဲဒီ Device ကိုဝင်းဒိုးကသိတော့သိတယ်…..ဒါပေမယ့်အသေအချာမသိဘူးတဲ့။စက်မှာ လာတပ်ထားလို့ ရှိမှန်းတော့သိတယ်၊ ဒါပေမယ့် ဘယ်လိုသုံးရမှန်းမသိဘူးပေါ့ဗျာ။အသုံးပြုဖို့ရာ တစ်ခုခုလိုအပ်နေလို့ပေါ့၊ အများအားဖြင့် Driver မှားနေတာမျိုး၊ Driver မစုံတာမျိုးကြောင့်ဖြစ်တတ်ပါတယ်။လုံးဝကိုမသိဘူးဆိုရင်တော့ အ၀ါရောင် မေးခွန်းအမှတ်အသားလေးဖြစ်နေပါလိမ့်မယ်။

Computer မှာသုံးနေတဲ့ IRQ နံပါတ်တွေကိုသိချင်တယ်ဆိုရင်တော့ ပထမဦးဆုံးView menu မှာ Resources by type ကိုပြောင်းပေးဖို့လိုပါတယ်။

ပြောင်းပြီးတဲ့အခါ Interrupt request (IRQ) ဘေးကအပေါင်းလက္ခဏာပေါ်မှာတစ်ချက်နှိပ်လိုက်တဲ့အခါ ကွန်ပျူတာမှာသုံးနေတဲ့ IRQနံပါတ်တွေစီတန်းထွက်လာပါပြီ။

အဲဒီမှာ IRQ နံပါတ်တစ်ခုဟာ နှစ်ခါထွက်နေမယ်ဆိုရင် Device နှစ်ခုက အဲဒီ IRQ ကို အသုံးပြုနေလို့ပါပဲ။ ဒီပြဿနာကိုဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ပြဿနာဖြစ်နေတဲ့ Device ကိုဖယ်ထုတ်ပစ်ပြီး Reinstall ပြန်လုပ်ဖို့ပါပဲ။

Reinstall လုပ်တဲ့နေရာမှာ Driver ကိုပါအသစ်ပြန်တင်ပေးဖို့လိုပါတယ်။Driver အတွက် အကောင်းဆုံးနေရာကတော့ http://www.driverguide.com (http://www.driverguide.com/) ဖြစ်ပါတယ်။Register လုပ်ထားဖို့လိုအပ်ပေမယ့်……အခမဲ့ပါ။

Driver အမျိုးအစားပေါင်းမြောက်များစွာရရှိနိုင်တဲ့နေရာတစ်ခုပါပဲ၊ တကယ်လို့ကိုယ်လိုချင်တဲ့ Driver က အဲဒီ Website ရဲ့ Database မှာမရှိဘူးဆိုရင်လည်းမှာခဲ့လို့ရပါတယ်။ Mother Board မှာSlot အပိုရှိခဲ့မယ်ဆိုရင် ပြဿနာဖြစ်နေတဲ့ Hardware ကို

အဲဒီအပိုSlot မှာပြောင်းစိုက်လိုက်တဲ့အခါမှာလည်းအဆင်ပြေသွားတတ်ပါတယ်။ Changing IRQ SettingsIRQ conflict ဖြစ်တဲ့ပြဿနာကိုဖြေရှင်းဖို့နောက်ထပ်နည်းလမ်းတစ်ခုကတော့IRQ setting ကို Manually ပြောင်းပေးခြင်းပဲဖြစ်ပါတယ်။တစ်ခုသတိထားရမှာက…ပြောင်းပေးလို့ရတယ်ဆိုပေမယ့်…အခါခပ်သိမ်းအဆင်ပြေချင်မှပြေမှာပါ။

ဒါပေမယ့်လည်း…စမ်းကြည့်ချင်တယ်ဆိုရင်တော့..ပြောင်းပုံပြောင်းနည်းကဒီလိုပါ။[list=1]ကိုယ်ပြောင်းချင်တဲ့ Device ပေါ်မှာ Right-click နှိပ်ပြီး Properties ကိုရွေးပါ။
Properties Box ထွက်လာပြီဆိုရင် Resources tab ကိုဆက်နှိပ်ပါ။
Use automatic settings ဘေးကအမှန်ခြစ်လေးကိုဖြုတ်လိုက်ပါ။
Pull down box ထဲက non-conflicting configuration ကိုရွေးပါ။
နောက်ဆုံးအဆင့် OK ပေါ့ဗျာ။
ဒီနေရာမှာ တစ်ခုခြွင်းချက်ရှိတာက Windows XP မှာ IRQ Setting ကို Manuallyပြောင်းမရတာမျိုးရှိတတ်ပါတယ်။ အဲဒီလိုမျိုးဖြစ်နေရင်တော့…….အပေါ်မှာပြောခဲ့သလိုပဲ…….နေရာပြောင်းစိုက်ကြည့်ပါ။

2. Bad Ram

ပြဿနာကလည်း Blue death screen တက်လာပြီး Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီRam ကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။

fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။

တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါပေမယ့် Ram ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ – 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှ Ram ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။

ဖြေရှင်းဖို့ ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် Ram ကိုပိုတည်ငြိမ်စေပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်က Ram တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။

Ram ကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့် Ram ကိုပျက်စီးစေနိုင်လို့ပါ။အကောင်းဆုံးကတော့……..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။

3. BIOS settings

Motherboard တိုင်းမှာ အသုံးပြုထားတဲ့ chipset တွေရဲ့ Setting ကိုထိန်းချုပ်ပြောင်းလဲပေးနိုင်ပါတယ်။ဒီSetting တွေကိုဝင်ဖို့အတွက် Boot up စတက်လာတဲ့အချိန်မှာF2 ဒါမှမဟုတ် Delete ကိုနှိပ်ပေးလိုက်ရပါတယ်။ဘယ်ကီးကိုနှိပ်ရမလဲဆိုတာကတော့ Montherboard အမျိုးအစားပေါ်မူတည်ပါလိမ့်မယ်။

BIOS မှာ ပြင်တော့မယ်ဆိုရင် သတိကြီးကြီး ထားဖို့တော့ လိုအပ်ပါတယ်။အကောင်းဆုံးကတော့ မူလ setting တွေကို စာရွက်တစ်ရွက်ပေါ်မှာချရေးထားဖို့ပါပဲ။

ဒါမှ ပြင်ပြီးတဲ့နောက် ကွန်ပျူတာမှာ ချို့ယွင်းချက် တစ်ခုခုဖြစ်သွားပြီဆိုရင်နဂိုအတိုင်းပြန်ပြောင်းပေးနိုင်တာပေါ့ဗျာ။ဘယ် Setting မှားနေတယ်ဆိုတာကတော့ Blue of Death Screen တက်လာတဲ့အခါမှာဖော်ပြပေးတဲ့ အချက်အလက်တွေကိုကြည့်ပြီးမှ ဆုံးဖြတ်ရတာဆိုတော့ပြောဖို့ရာ အခက်သား…မှားနိုင်စရာတွေကအများကြီးရှိတာကိုး။ဘယ်လိုမှ မသိတော့ဘူးဆိုတော့ Fail safe default နဲ့သာသုံးပေတော့ဗျို့။Bios setting မှာ Memory နဲ့ပါတ်သတ်ပြီး အမှားတစ်ခုခုဖြစ်နေခဲ့ရင်Ram lock ဖြစ်သွားပြီး ကွန်ပျူတာရဲ့မြင်ကွင်းကို ရပ်သွားစေနိုင်ပါတယ်။အများအားဖြင့် EDO Ram နဲ့ SD Ram setting မှားပေးခဲ့တဲ့အခါမျိုးမှာပေါ့။MS windows တွေဟာ IRQ နံပါတ်တွေကို အလိုအလျှောက်သတ်မှတ်ပေးနိုင်တဲ့အတွက်IRQ နံပါတ်တွေအတွက် BIOS မှာ အော်တိုသားထားပေးခဲ့လိုက်ရင်Windows က သူ့အလိုလိုအဆင်ပြေအောင်သတ်မှတ်ပေးသွားပါလိမ့်မယ်။

4. Hard disk drives

ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော့Start>Programs>Accessories>System Tools>Disk Defragmenter ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲDefragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့် ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။ နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။ Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ် ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။

Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက…software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာအလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။

ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုပါတယ်၊ Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊ bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။

Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now နဲ့စစ်လည်းဖြစ်ပါတယ်။

Hard disk drivesကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHard disk ထဲမှာ သိုလှောင်ထားတဲ့ ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။ Fragemented ဖြစ်တယ်ပေါ့ဗျာ။Hard disk ကြောင့် ကွန်ပျူတာ ထိုးရပ်သွားခြင်းကိုကာကွယ်ဖို့ အတွက်ဆိုရင် အကောင်းဆုံးက Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့ဗျာ။ Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူတာ အခြေခံရှိသူတော်တော်များများသိပြီးသားဖြစ်ပေမယ့်လည်း ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်ထပ်ရေးချင်ပါတယ်။Disk Defragmenter ကိုအသုံးပြုဖို့အတွက် Start>All Programs>Accessories>System Tools>Disk Defragmenter သို့သွားပါဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။ဒီနေရာမှာ သတိထားဖို့အချက်တစ်ခုရှိပါတယ်။Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြုလုပ်ရပါဘူး။ ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါကြောင့် Task Scheduler ကိုအသုံးပြုပြီး ကွန်ပျူတာကို လုံးဝအသုံးမပြုတော့တဲ့အချိန်မှာ Defragement လုပ်ဖို့ စီစဉ်ထားသင့်ပါတယ်။ Disk Defragmenter Windows ထွက်လာတဲ့နေရာဆီ ပြန်သွားကြည့်ရအောင်။

Analyze buttom နဲ့ Hard drive ပေါ်ကဖိုင်တွေ Fragement ဖြစ်မဖြစ်စစ်ဆေးနိုင်ပါတယ်။Analyze လုပ်ပြီးတဲ့အခါ Defragement လုပ်ဖို့လိုမလိုဆိုတဲ့ Result ထွက်လာပါလိမ့်မယ်။တစ်ခါတည်း Defragement လုပ်မယ်ဆိုရင်တော့ Defragement buttom ကိုနှိပ်လိုက်တာနဲ့Analyze ရော၊ Defragement ပါတစ်ခါတည်းလုပ်သွားပါလိမ့်မယ်။ Defragement လုပ်ဖို့ရာHard disk မှာ Free space အနည်းဆုံး 10% ရှိဖို့လိုအပ်ပါတယ်။ တကယ်လို့ Hard disk မှာ သိမ်းဆည်းထားတာ အပြည့်နီးပါးဖြစ်နေရင်လည်း အလုပ်လုပ်တာ နှေးကွေးလာပြီး Crash ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် Hard disk ကိုပုံမှန်ရှင်းလင်းပေးထားပြီး Free space များများရအောင်ပုံမှန်ထိန်းထားသင့်ပါတယ်။ Windows folder အောက်မှ Temporary နဲ့ Internet file တွေကိုပုံမှန်ရှင်းထားပေးခြင်းဖြင့် Free space ပမာဏတော်တော်များများရရှိနိုင်ပါတယ်။ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးကိုလည်း အပတ်စဉ်ရှင်းထားခြင်းဖြင့်လည်း နေရာလွတ်တိုးလာစေနိုင်ပါတယ်။ Hard disk မှာ Error ရှိမရှိကို လစဉ်စစ်ဆေးသင့်ပါတယ်။
Start>Programs>Accessories>System Tools>Scan Disk သို့ဝင်ရောက်ပြီး Error နဲ့ Bad sector ရှိမရှိစစ်ဆေးနိုင်ပါတယ်။ရံဖန်ရံခါမှာ Start Menu အောက်မှာ Scan Disk သို့သွားရန် Shortcut မရှိပဲဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင်တော့ စစ်ဆေးလိုတဲ့ Drive မှာ Right Click မှတဆင့် Properties ကိုခေါ်ပါ။

Tools Tab အောက်က Error-checking မှာ Check Now ကိုနှိပ်လိုက်တာနဲ့ Check Disk Box
ထွက်လာပါပြီ။

System error ကိုပဲစစ်ဆေးပြုပြင်မယ်ဆိုရင် အပေါ်ကအကွက်မှာ အမှန်ခြစ်ပါHard disk မှာ Bad sector ရှိမရှိပါစစ်မယ်ဆိုရင် အောက်ကလေးထောင့်ကွက်ပါအမှန်ခြစ်ပြီးStart ကိုနှိပ်လိုက်တာနဲ့ စစ်ဆေးစရာရှိတာများကိုအလိုအလျှောက်စစ်ဆေးသွားပါလိမ့်မယ်။ဒီလို စစ်ဆေးနေစဉ်မှာ Hard disk ပေါ်သို့ ရေးခြင်း၊ ဖျက်ခြင်းများမပြုလုပ်သင့်ပါဘူး

5. Fatal OE exceptions and VXD errors

ဒီError အမျိုးအစားက ဗီဒီယိုကဒ်ကြောင့်ဖြစ်တတ်ပါတယ်။ ဟိုးအရင်ကဒ်အဟောင်းတွေမှာသာ အဖြစ်များပြီး အခုခေတ်ပေါ်ကဒ်များမှာတော့အဖြစ်နည်းသွားတာတွေ့ရပါတယ်။ အများအားဖြင့် Graphic Memory နည်းတဲ့ကဒ်များမှာ ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းအချို့ရှိပါတယ်။ပထမဦးဆုံးနည်းလမ်းကတော့ Resolution ကိုလျော့ချခြင်းပါ။Start>Settings>Control Panel>Display>Settings tab သို့သွား၍ဖြစ်စေDesktop အလွတ်တစ်နေရာကို Mouse ထောက်ပြီး Properties ကိုခေါ်၍ဖြစ်စေ Display Properties box ကိုဖွင့်ပါ။

Screen Resolution အောက်မှာ Slide bar လေးကို ဘယ်ညာရွှေ့ခြင်းဖြင့် Screen Resolution ကိုချိန်ညှိပေးနိုင်ပါတယ်။Color quality အောက်မှာ Color အရည်အသွေးကိုလည်းချိန်ပေးနိုင်ပါတယ်။ဂရပ်ဖစ်ကဒ်က မကောင်းဘူးဆိုရင်တော့ 16bit ထားတာအကောင်းဆုံးပါပဲ။ရံဖန်ရံခါမှာဂရပ်ဖစ်ကဒ်မကောင်းတာကြောင့်မဟုတ်ပဲ Hardware conflict ကြောင့်လည်း Screenfreeze ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ Hardware conflictဖြစ်မဖြစ်ဆိုတာအရင်ကဖော်ပြခဲ့တဲ့နည်းအတိုင်းစစ်ဆေးနိုင်ပါတယ်။ဂရပ်ဖစ်ကဒ်အတွက် No Conflict ဖြစ်တာသေချာဖို့ စစ်ဆေးပါ။ တကယ်လို့ Conflictဖြစ်နေတာကိုတွေ့ခဲ့မယ်ဆိုရင် Automatic Settings ဘေးက အမှန်ခြစ်ကိုဖြုတ်ပစ်ပါ။အဲဒီနောက် Change Setting ကိုနှိပ်ပြီး Conflict မဖြစ်နိုင်တဲ့ Setting တစ်ခုခုကိုရှာရွေးလိုက်ပါ။

6. Viruses

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများစွာထဲမှ ဖြစ်နိုင်ခြေအရှိဆုံးအရာကတော့ဗိုင်းရပ်စ်ကြောင့်ပါ။ ဗိုင်းရပ်စ်ကာကွယ်တဲ့ဆော့ဖ်ဝဲသာတင်မထားခဲ့ဘူးဆိုရင်ကွန်ပျူတာကို ပထမဦးဆုံး ဗိုင်းရပ်စ်ကူးစက်တာနဲပ ချက်ချင်းမသိနိုင်ပါဘူး။ဗိုင်းရပ်စ်ဆိုတာမျိုးက တိတ်တဆိတ်ဝင်ရောက်လာတတ်တာမျိုးပါ။ဗိုင်းရပ်စ်အကြောင်းက ကျယ်ပြန့်လွန်းလို့ ဒီနေရာမှာတော့အကျဉ်းချုပ်ပဲရေးပါရစေ။ နောက်များမှခေါင်းစဉ်တစ်ခုနဲ့သီးသန့်ထပ်ရေးပါဦးမယ်။ဗိုင်းရပ်စ်တွေမှာဖျက်ဆီးတဲ့ပုံစံအမျိုးမျိုးရှိပါတယ်။ အဓိကအနေနဲ့ Operating Systemအလုပ်မလုပ်နိုင်အောင် OSကအသုံးပြုတဲ့ဖိုင်တွေကိုဖျက်ဆီးပြီးနှောက်ယှက်တာပါပဲ။အချို့ဗိုင်းရပ်စ်များက Hard drive ရဲ့ Boot sectorကိုဖျက်ပစ်လိုက်တဲ့အထိဆိုးရွားးပါတယ်။Boot sector ပျောက်ပြီဆိုမှတော့ OSကမတတ်နိုင်တော့ဘူးပေါ့။ အခြားဖျက်ဆီးနည်းတွေလည်းအများကြီးပါ။ဗိုင်းရပ်စ်ကိုကြောက်လို့ ကာကွယ်ဖို့ အကာအကွယ်
ဆော့ဖ်ဝဲတင်မယ်ဆိုရင်လည်းဒီကနေ့ခေတ်ကမ္ဘာကြီးမှာ့  Antivirus software တွေကပေါများလိုက်တာ။လုံးဝဥဿုံအပြည့်စုံဆုံး၊အကောင်းဆုံးဆိုတဲ့ ဗိုင်းရပ်စ်အကာအကွယ်ဆော့ဖ်ဝဲဆိုတာတော့ မရှိပါဘူး။သူဟာနဲ့သူ ကောင်းကွက်ဆိုးကွက်တွေနဲ့ချည်းပါပဲ။ ခေတ်အစားဆုံး Antivirussoftware များမှာ Norton, McAfee, Kaspersky, AVG, Bit defender, NOD32,Symantec တွေပါပဲ။ ဘယ် ဘယ်လောက်ကောင်းတဲ့ဗိုင်းရပ်စ်ကာကွယ်ရေးဆော့ဖ်ဝဲပဲဖြစ်ဖြစ် Virus signature ဟာ အမြဲတမ်းUpdate ဖြစ်နေဖို့လိုပါတယ်။ တကယ်တော့ Antivirus ဆိုတာကလည်း ဗိုင်းရပ်စ်Source code များကိုစုစည်းထားပြီး ဗိုင်းရပ်စ်ဟုတ်မဟုတ်ကိုအဲဒီကုဒ်များနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရတာဆိုတော့ဗိုင်းရပ်စ်အသစ်ထွက်လာတိုင်း အဲဒီဗိုင်းရပ်စ်ကုဒ်ကို ဆော့ဖ်ဝဲရဲ့ Virussignature database မှာထည့်ထားပါမှ သိနိုင်မှာပါ။ ဒါကြောင့် Antivirusကိုအမြဲတမ်း အပ်ဒိတ်လုပ်ထားဖို့လိုအပ်ပါတယ်။

7. Printers

Printerကြောင့်လည်း ကွန်ပျူတာ Crash ဖြစ်နိုင်ပါတယ်။ Document တစ်ခုခုကိုပရင့်ထုတ်တဲ့ အခါမှာ မူရင်းဖိုင်ထက်ကြီးတဲ့ Postscriptဖိုင်တစ်ခုကိုဖန်တီးရလေ့ရှိပါတယ်။ တကယ်လို့ ပရင်တာမှာ Buffer လို့ခေါ်တဲ့ကိုယ်ပိုင် Memory နည်းနေမယ်ဆိုရင် Post script ဖိုင်ကပမာဏများနေမယ်ဆိုရင် Printer ကို Over Load ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ပရင့်ထုတ်တဲ့အခါ CPU ကိုလည်းသိသိသာသာအသုံးပြုတဲ့အတွက် ကွန်ပျူတာကိုနှေးသွားစေနိုင်ပါတယ်။တကယ်လို့ပရင်ထုတ်လိုက်တဲ့အခါမှာ ထုတ်လိုက်တဲ့ စာသားတွေမဟုတ်ပဲပုံစံအမျိုးမျိုးနဲ့စာတွေ ထွက်လာပြီဆိုရင်တော့ အဲဒီပရင်တာကိုသုံးတဲ့အခါအခန့်မသင့်ရင် ကွန်ပျူတာကို Crash ဖြစ်စေနိုင်ပါတယ်။ Printer buffer မှာOver Load ဖြစ်တာများသွားခဲ့ရင် အလိုအလျောက်ရှင်းမ ပေးနိုင်တော့ပါဘူး။ဒီလိုဆိုရင်တော့ ပရင်တာကို စက္ကန့် 30 လောက် ပါဝါကြိုးဖြုတ်ထားပေးပြီးမှပြန်တပ်ပေးခြင်းအားဖြင့် နဂိုရှိပြီးသား Command များကိုရှင်းပေးနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ပရင်တာများမှာလည်း Built-in Memoryတွေတဖြည်းဖြည်းနဲ့များလာတဲ့အတွက် ပရင့်ထုတ်လိုက်လို့ကွန်ပျူတာထိုးရပ်သွားတာမျိုးက ရှားသွားပါပြီ။ ဟိုးအရင်က ပရင်တာတွေကိုသုံးမယ်ဆိုရင်တော့ အခန့်မသင့်ရင်ဖြစ်နိုင်ပါတယ်။

8. Software

ကွန်ပျူတာမှာအသုံးပြုမယ့် ဆော့ဖ်ဝဲများကို စနစ်တကျတင်မထားခဲ့ရင်လည်း ကွန်ပျူတာအသုံးပြုနေစဉ် ထိုးရပ်သွားစေနိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှစနစ်တကျပြန်တင်ပေးခြင်း ဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ ရံဖန်ရံခါမှာဆော့ဖ်ဝဲကို ဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ NortonUninstall ဒါမှမဟုတ် Uninstall Shield ကိုအသုံးပြုလိုက်ရင်ဖြုတ်ချလို့ရနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲများဟာ သမားရိုးကျဖြုတ်ချတာ ထက် SystemRegistry မှာ ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstall လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။Registry ကိုပါရှင်းပေးထားပါမှ
ဆော့ဖ်ဝဲကိုအသစ်တဖန်ပြန်တင်တဲ့အခါရှင်းရှင်းလင်းလင်းတင် ပေးနိုင်မှာပါ။ Registry မှာတန်ဖိုးအဟောင်းများကျန်ခဲ့ရင် အသစ်တင်လိုက်တဲ့အခါမှာထပ်ရေးတဲ့တန်ဖိုးများနဲ့ ရောထွေးပြီး ဆော့ဖ်ဝဲဟာပုံမှန်မဟုတ်ပဲဖြစ်နေတတ်ပါတယ်။Registry ကိုရှင်းပေးတဲ့အခြား
ဆော့ဖ်ဝဲများလည်းရှိပါတယ်။ Registry Mechanics, System Mechanics, One click maintenance, Registry cleaner စသည်ဖြင့် အများကြီးရှိပါတယ်။Registryကိုရှင်းမယ်ဆိုရင် သတိထားဖို့တော့လိုပါတယ်။ တကယ်လို့ Registry မှာလိုအပ်တာတွေ ပျက်သွားရင် OS တစ်ခုလုံးကိုပြန်တင်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။

9. Overheating

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါပျက်စီးစေနိုင်တဲ့အတွက် ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်ထားပေးရပါတယ်။ တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီး Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကန်များနဲ့အအေးခံစနစ်ကောင်းစွာအလုပ်လုပ်ခြင်းရှိမရှိကို ချက်ခြင်းစစ်ဆေးသင့်ပါတယ်။

Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံးမှာပြည့်စုံလုံလောက်တဲ့ အအေးခံစနစ်မရှိပဲ Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကို BIOS setting မှာ CPU internal cache ကို Disableလုပ်ထားခြင်းဖြင့်လည်း ဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကိုပိုနှေးသွားစေနိုင်ပေမယ့် တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။

10. Power supply problems

ကွန်ပျူတာကိုထိုးရပ်သွားစေတဲ့ နောက်ဆုံးအကြောင်းရင်းကတော့ ပါဝါဆပ်ပလိုင်းပြဿနာဖြစ်ပါတယ်။ လျှပ်စစ်မီးအား မတည်ငြိမ်ပဲအတက်အကျဖြစ်တာ ဒါမှမဟုတ်ရုတ်တရက်ပျက်တောက်သွားတာ များလာတဲ့အခါ ပါဝါဆပ်ပလိုင်းကိုထိခိုက်လာစေနိုင်ပါတယ်။ပါဝါဆပ်ပလိုင်းလုပ်ဆောင်မှုမမှန်တော့ဘူးဆိုရင် ကွန်ပျူတာအတွင်းရှိ အခြားအစိတ်အပိုင်းများကိုပါ ထိခိုက်စေနိုင်ပြီး ကွန်ပျူတာထိုးရပ်သွားနိုင်ပါတယ်။ ဒါကြောင့် UPSနဲ့တွဲဖက်အသုံးပြုတာ စိတ်အနှောက်အယှက်အကင်းဆုံးဖြစ်ပါလိမ့်မယ်။ UPSအသုံးပြုခြင်းဖြင့် ပါဝါဆပ်ပလိုင်း သက်တမ်းကြာရှည်စေတဲ့အပြင်မီးပျက်သွားတဲ့အခါမှာ ကိုယ်လုပ်ထားသမျှအလုပ်အားလုံးကို သိမ်းဆည်းချိန်နဲ့ကွန်ပျူတာကို စနစ်တကျပိတ်ချိန်ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် UPS ကိုတစ်ပါတည်းဝယ်ခြင်းဟာ အကောင်းဆုံးပါပဲ။


Credit 



အိုင်တီခေတ်

Sunday, September 29, 2013

မိမိတို့ ရဲ အကောင့် တွေကိုလုံခြုံရေးနှစ်ထပ်တိုးမြှင့် ကြမယ်

ဒီနေ့ တော့  မိမိရဲ့ အရေးကြီးတဲ့ password တွေကိုကာကွယ်နိုင်မဲ့ နည်းလမ်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။
facebook password တွေပဲဖြစ်ဖြစ် မိမိတို့ ရဲ့  gmail account တွေပဲ ဖြစ်ဖြစ် မိမိနှစ်သက်တဲ့ website တွေပဲဖြစ်ဖြစ် ။ptc ငွေရှာနေတဲ့ အကောင့် တွေပဲဖြစ်ဖြစ်အားလုံးကိုလုံခြုံရေး နှစ်ထပ်ချလို့ ရမဲ့ ဆော့ ဝဲလေးပါ။အကြောင်းအမျိုးမျိုးကြောင့် သူများကွန်ပျူတာတွေကိုဝင်ရောက်သုံးစွဲနေရတဲ့ သူတွေလည်းဒီနည်းလမ်းလေး
ကိုသုံးရင်အဆင်ပြေမယ်လို့ ယူဆပါတယ်။တစ်ယောက်ကိုတစ်ယောက်ကျော်ခွခြင်းမှကင်းဝေးအောင်ဒီနည်းလမ်းလေးကို
သာသုံးလိုက်ပါ။100%  အလုပ်လုပ်ပါတယ် ကျွန်တော်ကိုယ်တိုင် စမ်းသပ်ထားပါတယ်ခင်ဗျာ။ဒီနည်းလမ်းက ကွန်ပျူတာအတွက်သာသုံးလို့ ရမှာပါခင်ဗျာ။
အရင်ဆုံး DOWNLOAD ယူလိုက်ပါ။LINK 1 LINK 2;
(အဆင့် -၁)  ရလာတဲ့ ဖိုင်ကို RUN လိုက်ပါ။ပြီးရင်Master password နေရာမှာ series key ကိုဖြည့် ပေးပါခင်ဗျာ။ဒါဆိုအမြဲအသုံးပြုလို့ ရပါပြီခင်ဗျာ။
(အဆင့် -၂)  အောက်ကပုံလေးအတိုင်း (ဥပမာ-facebook အကောင့် ကို password နှစ်ထပ်လုပ်ချင်တယ်ဆိုရင် အောက်ကပုံအတိုင်း ဖြည့် ထည့် ပေးပါ) name နေရာမှာ facebook ကနာမည်။ link နေရာမှာ facebook က url ကိုထည့် ပေးပါ။password နေရာမှာ facebook ကpassword ကိုထည့် ပေးပါခင်ဗျာ။(ဂရုစိုက်ပါ)ပြီးရင် add ကိုနိပ်ပါ။

(အဆင့် -၃ ) ဒီအဆင့် မှာကတော့ မိမိတို့ ရဲ့ facebook ကိုဝင်ချင်တယ်ဆိုရင် launch ဆိုတာလေးကိုနိပ်ပြီးဝင်နိုင်ပါပြီခင်ဗျာ။
gmail အတွက်ဆိုရင်တော့ app account မှာဝင်ပြီးလုပ်ပေးပါ။ခင်ဗျာ။အားလုံးအဆင်ပြေမယ်လို့ ယူဆပါတယ်။
အသစ်တင်တိုင်း facebook ကနေစောင့် ဖတ်မယ်ဆိုရင် 
ဒီမှာ like ပေးခဲ့ ပါ။

WPA/WPA2 ကို၁၅မိနစ်နဲ့ဟက်မယ်လိုကြေညာထားတဲ့ဆော့ဝဲ

grey CDlinux + minidwep – Best (fastest & easiest) way to crack wireless WPA/2 passwords

အခု Post လေးကိုတော့ MMiTD မှာကတည်းကကျွန်တော့်ရဲ့ သင်ဆရာမြင်ဆရာတစ်ဦးဖြစ်တဲ့ ဆရာကြီး ကိုအောင်သန်းဦးတင်ပေးထားတဲ့ Post လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။
ကျနော်တို့မန်ဘာတွေစမ်းဖို့အကြံပေးချင်ပါတယ် CD LINUX MINIDWEP ဆိုတဲ့ OS ပါOS ဖြစ်လို့ WiFi Adapter တွေ Driver မသိတာကိုအင်စတောလုပ်ခွင့်ပြုတာကြောင့်ကွန်ပြုတာအားလုံးနီးပါးနဲ့အဆင်ပြေနိုင် ပါတယ်( CPU နိမ့်တဲ့စက်တွေမှာတော့မရပါ)။ အောက်ပါ Link မှာ အသုံးပြုပုံနဲ့ Software ကိုဒေါင်းယူနိုင် ပါတယ်ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


Windows Phone တစ်လုံးကို Backup & Restore ပြုလုပ်ပုံ

 
Window Phone အသုံးပြုနေကြတဲ့မိတ်ဆွေတွေအတွက် သတင်းလုပ်ဆောင်သင့်တဲ့ အချက်လေးတစ်ချက်ပါဗျာ။ 
 
Window Phone တစ်လုံးကိုသုံးစွဲသူတွေအတွက် မိမိတို့ရဲ့အရေးကြီးတဲ့ Data တွေနဲ့ အခြားဓါတ်ပုံ
Movie ဖိုင်တွေ၊ Application တွေကိုအကြောင်း အမျိုးမျိုးကြောင့် ပျက်စီးမှုမှကာကွယ်ဖို့အတွက်
Backup ပြုလုပ်ထားသင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Backup ပြုလုပ်ထားတဲ့ဖိုင်တွေဟာ
Backup လုပ်ထားပေမဲ့ ပျက်စီးသွားပါက အလွယ်တကူ Restore ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။
ဒါမှသာလုပ်ကိုင်လိုတဲ့လုပ်ငန်းကိုပြီးဆုံးအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံကိုလဲ
မိတ်ဆွေများကိုဖော်ပြပေးလိုက်ပါတယ်။ မိတ်ဆွေတို့အသုံးပြုတဲ့ Window Phone တစ်
လုံးထဲမှာရှိတဲ့ Data တွေ၊ Application တွေနဲ့ အခြားသော Data တွေကို Backup ပြုလုပ်ဖို့
အတွက် Microsoft ပေးထားတဲ့ Cloud Storage Server မှာပဲသိမ်းသိမ်းဒါမှမဟုတ် ကွန်ပျူတာ
နဲ့ Micro SD Card ထဲမှာပဲသိမ်းသိမ်း  သိမ်းဆည်းပြီးပြန်လည်အသုံပြုနိုင်မှာဖြစ်ပါတယ်။
Backup ပြုလုပ်ဖို့အတွက်ကတော့ App listအောက်က setting ကိုသွားရမှာဖြစ်ပါတယ်။
ပြီးရင်တော့ Backup ကိုရွေးချယ်ရမှာပါ။Backup ဆိုတဲ့နေရာမှာ Turn on ပြုလုပ်ပေး
လိုက်တာနဲ့ Backup ပြုလုပ်တဲ့လုပ်ငန်းစဉ်ကိုပြုလုပ်မှာဖြစ်ပါတယ်။ ဖိုင်တစ်ဖိုင်ကို Backup လုပ်ထားပြီးပြန် လည်အသုံးမပြုလိုတဲ့အခါမှာBackup ဖိုင်ကိုဖျက်ဖို့အတွက် App-list> Setting > Advanced > Delete ကိုရွေးချယ်
နိုင်မှာဖြစ်ပါတယ်။Restore ပြန်လည်လုပ်ကိုင်လိုတယ်ဆိုရင်သင်ဖုန်းမှာအသုံပြုတဲ့ Microsoft Account
ကိုအသုံးပြုပြီးဖုန်းရှဲ့Setting အောက်ကRestore ကနေအဆင့်လိုက်ပြန်လည်လုပ်
ဆောင်နိုင်မှာဖြစ်ပါတယ်။ App & Message File တွေကိုသိမ်းဆည်းထားဖို့အတွက်က
တော့ Micro SD Card ကိုအသုံးပြုပြီးBackup လုပ်ဆောင်သိမ်းဆည်းထားနိုင်မှာ
ဖြစ်ပါတယ်။ အဓိကမှာကြားလိုတာကတော့အထက်ပါလုပ်ဆောင်ချက်တွေလုပ်ဖို့အတွက်
ဆိုရင်တော့ Internet Connection လိုအပ်မှာဖြစ်ပါတယ်ခင်ဗျာ..။
ကျေးဇူးတင်ပါတင်ဗျာ။

Monday, September 23, 2013

Laptop ၀ယ်ရာတွင် သိရမည့်အချက်များ ( အပိုင်း ၂ )



Screen size နှင့် အလေးချိန်..

Screen size က Laptop screen size ထက်ပိုပီး သေးငယ်ပါတယ်။ သူ့ကို ဈေးကွက်မှာ 9 လက်မ ကနေပီးတော့ 14 လက်မ ထိ တွေ့နိင်ပါတယ်။ Laptop Screen size ကိုတော့ ကျွန်တော်တို့ 14 လက်မ ကနေ 17 လက်မ ထိ တွေ့နိင်ပါတယ်။.Screen အရွယ်အစား ငယ်တာ ကြီးတာ အပြင်.နောက်ထပ် ကွာခြားသွားတာကတော့ ခရီးတခုကို သွားတော့မယ်ဆိုရင် အလေးချိန်က Netbook က 0.9 kg ကနေပီးတော့ 1.4 kg ထိပဲ့ရှိပါတယ်။Laptop မှာတော့ 1.4 kg ကနေပီးတော့ 5.4 kg ထိ ရှိပါတယ်။ဒါကတော့ အလေးချိန်နဲ့Screen size အရွယ်အစားကို နှစ်ခု ယှဉ်ပြောပြတာပါ။

Processor နှင့် ဈေးနုန်း

Netbook မှာ အသုံးပြုတဲ့ Processor တွေကို low-end processor တွေကိုပဲ အသုံးပြုထားပီးတော့ Laptop မှာတော့ Higher-level- processor တွေထိ တွေ့နိင်ပါတယ်။ low-end processor ဆိုတာ အရင်က ထုတ်လုပ်ပီး ခုချိန် ခေတ်နောက်ကျနေပီဆိုတဲ့ Processor မျိုးကို ဆိုလိုတာပါ။ နားလည်လွယ်အောင်ရေးလိုက်တာပါ။ low-end processor ဆိုတာ ဥပမာ ဒီလို Processor မျိုးတွေပါ။
Intel Atom
AMD Athlon
Intel core 2 solo ဒီလို ပုံစံမျိုးတွေနဲ့ လာပါတယ်။
Netbook မှာ ဒီလို low-end processor တွေကို အသုံးပြုထားတာကြောင့် ဂိမ်းဆော့ဖို့ နဲ့ Entertainment တွေ အတွက်ကတော့ Laptop ကို မမှီနိင်စေတဲ့ အချက်တခု ဖြစ်စေပါတယ်။ Processor နိမ့်တာ နဲ့ အတူ ဈေးနုန်းကလည်း ကွာခြားသွားပါတယ်။ Netbook ကို ၀ယ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေါ်လာ 150 ကနေ 400 ၀န်ကျင်လောက် အထိ တွေ့နိင်ပီးတော့ Laptop မှာတော့ ဒေါ်လာ 2000 ကျော်ထိ တွေ့နိင်ပါတယ်။ ဈေးနုန်က Laptop တွေက ပိုမြင့်သလို Netbook မှာ မလုပ်ဆောင်နိင်တဲ့ ဂိမ်းဆော့မလား… Movies ကြည့်မလား Netbook ထက် သာတဲ့ စွမ်းဆောင်ရည်တွေကို Laptop မှာ ရရှိနိင်မှာဖြစ်ပါတယ်။
Hardisk နှင့် Performance

HDD ကိုပြောရမှာတော့ ခုနောက်ပိုင်း မှန်းဆထားတဲ့ခေတ်တွေနဲ့ဆိုရင်တော့ Storage များတာ နည်းတာက အဓိကမကျသလို ဖြစ်အောင် Cloud Storage တွေ ပေါ်လာတာကိုတော့ သတိထားမိကြမယ်ထင်တယ်။ နောက်ပိုင်း Cloud storage တွေ ခေတ်တခေတ်ပေါ်လာရင်တော့ ဒီ Storage ရဲ့ ကွာခြားချက်တွေကို သိပ်သတိထားမိကြတော့မယ် မထင်ဘူး။ ခုတော့ သတိထားမိအောင် ပြောကြည့်ကြရအောင်။ Laptop မှာ HDD ကို RPM 5400 HDD တွေနဲ့ အတူတွေ့နိင်ပါတယ်။5400 RPM နဲ့ တည်ဆောက်ထားတဲ့ Laptop တွေက ဘာကို အားနည်းသွားသလဲ့ဆိုတော့ ကျွန်တော်တို့ program တခုခုကို ဖွင့်တာပဲ့ ဖြစ်ဖြစ် အခြား Drive တခုခုကို Access လုပ်တာပဲ့ ဖြစ်ဖြစ် နဲနဲ နှေးမှာ ဖြစ်ပါတယ်။ သိပ်တော့ မသိသာပါဘူး။ ပီးတော့ Laptop မှာ HDD ကို Storage 160 Gb ကနေ 600 Gb ထိ ရှိပါတယ်။ Netbook မှာတော့ အဲ့လို မဟုတ်တော့ဘူး Netbook မှာ SSD (Solid state drive) တွေနဲ့ တွေနိင်တာကိုတော့ တချက် သတိထားကြည့်လို့ ရပါလိမ့်မယ်။ SSD က HDD ထက်ပိုပီး Performance ပိုကောင်းပါတယ်။ ဘယ်လို ကောင်းလည်းဆိုတာကို ဒီအောက်က Video ဖိုင်လေးမှာ တချက်သတိထားကြည့်ပေးပါ။ဒါပေ့မယ် Netbook ရဲ့ Storage Drive ရဲ့ ၀င်ဆန့်မူကတော့ 8 Gb ကနေပီးတော့ 160 Gb ထိပဲ ရှိပါတယ်။ နောက်ထပ်တော့ Upgradation လုပ်လို့တော့ ရပါတယ်။



Operating System နှင့် RAM

OS ကိုတော့ ဒီနေရာမှာ ကွာသွားတာလေး တချက်ရှိတယ်။ ဒါကတော့ Laptop တွေမှာ စပီး ၀ယ်ယူကတည်းက ခုနောက်ပိုင်းမှာ အနည်းဆုံး Window 7 home Premium နဲ့ လာပါတယ်။ ပြောပြချင်တာကတော့ 7 ကို ကောင်းကောင်းသုံးလို့ ရတယ်ပေါ့။ အဲ့ Netbook မှာတော့ XP နဲ့ Linux ကိုပဲ့ ကောင်းကောင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း Netbook တွေမှာတော့ Vista ကိုပါ အသုံးပြုလို့ တော့ ရလာပါတယ်။ ဒီလို Operating system မြင့်သုံးလို့ရတာနဲ့ မရတာကဘာကြောင့် Laptop and Netbook မှာလာပီး ကွာခြားသွားတာလည်းဆိုရင် RAM ကြောင့် လည်းပါတယ်လို့ ဆိုလို့ရပါတယ်။ ဘာလို့လည်းဆိုရင် Netbook တွေက RAM တွေကို 1 Gb တွေပဲ့ ပါဝင်တာများပီး Laptop ကတော့ RAM ကို 2 Gb ကနေ စပါတယ်။ ဒါကြောင့်လည်း OS ပါကွားခြားသွားနိင်တာလို့ ဆိုလို့ရပါတယ်။
Multimedia Display and Disc Drive

Laptop့ကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းပဲ့ Video ကြည့်မယ် ဂိမ်းဆော့တာ တွေနဲ့ လူတယောက်တွက် Entertainment တွေကို စိတ်ကြိုက်လုပ်ဆောင်နိင်သလို Editing ပိုင်းတွေကိုပါလုပ်ဆောင်နိင်ပါတယ်။ ဘာလို့လည်းဆိုတော့ Graphics ကို အနည်းဆုံး 256 Mb ကနေ စပီးပါဝင်လာလို့ပါပဲ။ Netbook မှာတော့ Only basic Graphics capabilities ပဲပါဝင်မှာပါ။ နောက်တခုကတော့ Netbook မှာ CD/DVD Drive မပါပါဘူး။
Battery နှင့် ခရီးသွား..

Battery က ကျွန်တော်တို့ နိင်ငံတွက်တော့ ပိုပီးအရေးပါတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီနေရာမှာတော့ Netbook battery တွေက ပိုပီး သုံးဆောင်လို့ ရနိင်မယ့် ကြာချိန်ပိုများပါတယ်။ Netbook battery တွေက ၈ နာရီနှင့် အထက်ထိတွေ့နိင်ပီး… Laptop တွေမှာတော့ ၃ နာရီကနေ ၆ နာရီကျော်ထိပဲ့တွေနိင်ပါတယ်။ ခရီးသွားရင်း သုံးဆောင်မယ် ဆိုရင် Netbook က Laptop ထက်ပေါ့ပါးပီး…အချိန်ကြာရှည်ပိုပီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။Laptop နဲ့ Netbook ရဲ့ ကွာခြားချက်လေးတခုရှိပါသေးတယ် ။ ဒါကတော့ Netbook က Network ကို အသားပေးပီး ထုတ်လုပ်ထားတာပါပဲ့။ ကျွန်တော် Netbook နဲ့ Laptop ရဲ့ ကွာခြားချက်တွေကို အတော်အသင့်ပြောပီးပါပီ.။ဒီပိုစ်နဲ့ သက်ဆိုင်တဲ့ ပိုစ့်လေးကို ဆက်စပ်မိအောင် ဖတ်စေချင်ပါတယ် ။ အဲ့ ပို့စ်ကတောံ Notebook နှင့် Laptop ရဲ့ ကွာခြားချက်များ ဖြစ်ပါတယ်။ ဒီလင့်မှာ ကျွန်တော် ဖော်ပြပေးပြီးသားပါ။ 


မိသားစုအားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ...
သန့်ဇင်ဌေး(နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)
Related Posts Plugin for WordPress, Blogger...

ကြော်ငြာလေးကို..Click ပေးပါအုံး

Slider(Do not Edit Here!)