**Live Clock**
————————-
Live Clock ဆိုသည်မှာ နာရီ icon ပေါ်တွင်
တကယ့်အချိန်အတိုင်းပြသပေးခြင်းဖြစ်သည်။ ယခင်က Jailbreak Tweak
အဖြစ်ရှိခဲ့သော Features ဖြစ်ပြီး ယခုအခါ iOS 7 ၏ နာရီ icon တွင်လည်း Live
Time ပြသည့် icon အဖြစ်ထည့်သွင်းလာခဲ့ခြင်းဖြစ်သည်။
**The App Switcher**
—————————–
Dash ဆိုသည့် Jailbreak tweak မှာ iOS 6 တွင် run ထားသော application
တစ်ခုမှတစ်ခုသို့ Preview Screen ဖြင့် အလွယ်တကူပြောင်းသော Features
ဖြစ်သည် ။ ယင်း Jailbreak tweak နှင့်ဆင်တူသော App Switcher ဟူသော
အမည်ဖြင့် iOS 7 တွင် run ထားသော app များကို preview screen ဖြင့်
တစ်ခုမှတစ်ခုသို့ပြောင်းသုံးနိုင်သော Features Built-in ပါဝင်လာခဲ့သည်။
**Control Center**
——————————-
Jailbreak Tweak များတွင် SB Setting သည် နာမည်ကြီး tweak တစ်ခုဖြစ်ပြီး
iOS notification bar တွင် Android Notification bar ကဲ့သို့ Wifi ခလုတ် ၊
Bluetooth ခလုတ် ၊ Brightness ခလုတ်များ အလွယ်တကူထည့်သွင်းထားခြင်းဖြစ်သည်။
ယင်း Features နှင့်ပုံစံတူအနေဖြင့် Control Center ဟူသော Features သည်
iOS 7 တွင် Built-in Features တစ်ခုအနေဖြင့်ပါဝင်လာခဲ့သည်။
** Folder **
—————————-
iOS Jailbreak Tweak များတွင် Folder Enhancer နှင့် Infini Folder
တို့သည်လည်း နာမည်ကြီး tweak များဖြစ်သည်။ ယင်း Tweaks များသည် app များကို
Folder တစ်ခုထဲတွင်စုပြုံထည့်ထားနိုင်ပြီး ၊ Folder ထဲတွင် Folder
များထပ်ထည့်နိုင်သည် ။ Folder
ထဲတွင်ပင်စာမျက်နှာများအကန့်အသတ်မရှိသတ်မှတ်နိုင်သည် ။ ယင်း Features
နှင့်ခပ်ဆင်ဆင်ပုံစံတူ အနေဖြင့် Folder ဟူသော Features သည် iOS 7 တွင်
Built-in Features တစ်ခုအနေဖြင့်ပါဝင်လာခဲ့သည်။
**Dynamic Wallpaper**
——————————-
iOS 6 တွင်အသုံးပြုနိုင်သော Jailbreak Tweak များထဲတွင် Live Paper
သည်လည်းနာမည်ကြီး Tweak တစ်ခုဖြစ်သည် ။ Live Paper သည် Android တွင် Live
Wallpaper ထည့်သွင်း၍ရသကဲ့သို့ iOS တွင်လည်း ထည့်သွင်း၍ရစေရန်
လုပ်ဆောင်ပေးနိုင်သည်။ ယင်း Live Paper Features နှင့်ပုံစံတူ “Dynami
Wallpaper” ဟူသော အမည်ဖြင့် Features သည် iOS 7 တွင် Built-in features
အနေဖြင့်ပါဝင်လာခဲ့သည်။
**Tabs**
——————–
iOS 6 တွင် အသုံးပြုနိုင်သော Jailbreak Tweaks များထဲတွင် Tab + ဟူသော
tweak သည်လည်း နာမည်ကြီး tweaks တစ်ခုဖြစ်သည် ။ ယင်း Tweaks သည် iOS ၏
Safari Browser တွင် Website များအား Tab တစ်ခုပြီးတစ်ခုတစ်ပြိုင်နက်
Unlimited ဖွင့်ထားစေနိုင်သည်။ ယင်း Features နှင့်ချွတ်စွပ်တူသော Tabs
ဟူသော အမည်ဖြင့် features သည် iOS 7 ရဲ့ Safari Browser တွင် Built-in
ပါဝင်လာခဲ့သည်။
**Notification Center on Lock screen**
——————————————–
iOS 6 တွင်အသုံးပြုနိုင်သော Jailbreak Tweaks များထဲတွင် Bulletin ဟူသော
Tweaks သည်လည်းနာမည်ကြီးသည်။ Bulletin သည် Lock Screen ပိတ်ထားသည့်
အနေအထားတွင် ဖုန်းရဲ့ Notification Bar မှ noti များအား
ဆွဲချကြည့်ရှုနိုင်စေရန်လုပ်ဆောင်ပေးသည်။ ယင်း Features နှင့်ပုံစံတူ ”
Notification Center on Lock screen ” ဟူသော features သည် iOS 7 တွင်
Built-in ပါဝင်လာခဲ့သည်။
့
ဒါကတော့ iOS 7 မှပါဝင်လာတဲ့ Jailbreak tweak တွေရဲ့ Features
များပဲဖြစ်ပါတယ်။ Pandaapp ကနေ ပြန်လည်မှီငြိမ်းပြီးအဆင်ပြေအောင်
ဘာသာပြန်ဆိုထားပါတယ်။ အားလုံးပဲ ဗဟုသုတရရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သက်နိင်စိုး (Myanmar Mobile App Store)
www.myanmarmobileapp.com
No comments:
Post a Comment