Tuesday, June 18, 2013

IPhone အကြောင်း တစေ့တစောင်း Written by ရွှေကူ

အောင်သူရ
ယနေ့ခေတ် နည်းပညာမြင့် ပစ္စည်းများတွင် လူကြိုက် အများဆုံး ပစ္စည်းမှာ iPhone များပင် ဖြစ်သည်။ iPhone အကြောင်း မပြောခင် Apple နှင့် iPhone များစတင် ဖြစ်ပေါ် လာပုံကို  သိရှိရန် လိုအပ်မည် ဖြစ်သည်။
Apple ကို ၁၉၇၆ ခုနှစ် ဧပြီ ၁ ရက်တွင်  Steve Jobs, Steve Wozniak နှင့် Ronald Wayne တို့က တစ်ကိုယ်ရေသုံး Apple I ကွန်ပျူတာ များကို ရောင်းချရန် တည်ထောင်ခဲ့သည်။  ထိုကွန်ပျူတာ များသည် Wozniak မှ တီထွင် ထားသော လက်လုပ် ကွန်ပျူတာ လေးများ ဖြစ်ပြီး Homebrew Computer Club တွင် ပထမ ဦးဆုံး ပြသခဲ့သည်။ Apple I ကို mother board တစ်ခုအဖြစ် (CPU, RAM, taxtual-video chips) တို့ပါဝင် ရောင်းချ ခဲ့သော်လည်း ယခုလက်ရှိ တွေ့မြင် နေရသော ကွန်ပျူတာ တစ်စုံစာ အပြည့်အစုံ မဟုတ်ခဲ့ပေ။ ထိုကွန်ပျူတာ အမျိုးအစားကို ၁၉၇၆ ခုနှစ်တွင် ဒေါ်လာ ၆၆၆ ဒသမ ၆၆ (ယခုပေါက်ဈေး ဒေါ်လာ ၂၇၂၃) နှင့် ရောင်းချခဲ့သည်။
၂ဝဝ၈ ခုနှစ် ဇွန်လ ၉ ရက်တွင် ကျင်းပသော ကမ္ဘာလုံး ဆိုင်ရာ ကွန်ပျူတာ ပညာရှင်များ ညီလာခံ (WWDC) တွင် iPhone 3G ကို စတင် မိတ်ဆက်ခဲ့သည်။ ၂ဝဝ၈ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် လျှော့ဈေး ဒေါ်လာ ၁၉၉ ဖြင့် 8GB version ကိုလည်းကောင်း၊ ဒေါ်လာ ၂၉၉ ဖြင့် 16GB version ကို လည်းကောင်း စတင် ဖြန့်ဖြူးခဲ့သည်။ ထို version မှ 3G network ကိုလုပ် ဆောင် ပေးနိုင်ပြီး GPS လည်းပါဝင်သည်။
၂ဝ၁ဝ ပြည့်နှစ် ဇွန်လ ၇ ရက်တွင် ပြုလုပ်သော WWDC တွင်လည်း iPhone 4 ကို ထပ်မံ မိတ်ဆက်ပြန်သည်။ "iPhone 4 ဟာ ကျွန်တော်တို့ ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် မော်ဒယ် များတစ်လျှောက်တွင် အကြီးမား ဆုံး ခြေလှမ်း ဖြစ်ပါတယ်''ဟု Apple ကုမ္ပဏီမှ ပြောကြားခဲ့ သည်။
ထိုဖုန်းတွင် အသစ် အသစ်သော ဒီဇိုင်းများ ဖြင့်သာ ပြုလုပ်ထားပြီး ကျယ်ပြန့်သော  မျက်နှာပြင်၊ ပိုမို ကောင်းမွန်သော  ဂိမ်းစနစ်၊ flash ပါသော 5 megapixel camera ၊ ကိုယ့်ပုံ ကိုယ်ပြန် ရိုက်နိုင်သော VGA camera နှင့် Face Time Video ဖုန်းခေါ် စနစ်တို့ ပါဝင်သည်။
၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၄ ရက် တွင် iPhone 4s ကို ပြောင်းလဲ ထုတ်လုပ်ပြန်သည်။ A5 processor သို့ ပြောင်းလဲ အသုံးပြုခြင်း၊ အမေရိကားတွင် အသုံးပြုသော AT&T နှင့် Verizo Wireless ကို ချိတ်ဆက် အသုံးပြု နိုင်ရန် စီစဉ် ထားခြင်းများကို အသစ် ထည့်သွင်းထားခြင်း ဖြစ်သည်။
ယခု နောက်ဆုံး ထွက်ရှိသော iPhone 5 ကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် စတင် ဖြန့်ချိခဲ့သည်။ ထိုဖုန်းတွင် လေးလက်မ display screen ကို တပ်ဆင်ထားသည်။ 4G ဆက်သွယ်မှု စနစ်ကို သုံးထားသည်။ processor A6 ကို ပြောင်းလဲ တပ်ဆင်ထားသည်။ ကောင်းမွန်သော အရည်အသွေး များကြောင့် ပထမဦးဆုံး နေ့မှာပင် အလုံး နှစ်သောင်းခန့် လျင်မြန်စွာ ရောင်းထွက်သွားပြီး ကြိုတင်မှာယူ မှုများကြောင့် သုံးရက်အတွင်း ငါးသောင်းခန့် ရောင်းထွက် သွားသည်။
မြန်မာ နိုင်ငံ၌ iPhone သုံးစွဲသူ အနည်းငယ် မျှသာရှိသည်။ iPhone မှာ  ဈေးကြီးပေး ဝယ်ယူ ရပြီး ဂိမ်းအတွက် ဆော့ဖ်ဝဲများကို တန်ဖိုးကြီး ပေးရသည်။ ထို့ပြင် မြန်မာ နိုင်ငံ၌ တရားဝင် ခန့်အပ်ထားသည့် အရောင်း ကိုယ်စားလှယ် မရှိခြင်းကြောင့် ပြင်ဆင် ထိန်းသိမ်းရာတွင် အခက်အခဲ များနှင့် ကြုံတွေ့ နေရ ခြင်း တို့ကြောင့်ဖြစ်သည်။
မြန်မာ နိုင်ငံ၌ လူသုံးများသည့် Samsung GLAXY Phone မှာ နည်းပညာ အရ သုံးစွဲရာတွင်  လွယ်ကူ အဆင်ပြေပြီး တရားဝင် ကိုယ်စားလှယ် ထားရှိခြင်းကြောင့် ပစ္စည်း အစစ်အမှန် ရရှိသည်။ ပြင်ဆင် ထိန်းသိမ်းရာတွင် အခက်အခဲ မရှိပေ။ ယခုအခါ နောက်ဆုံးပေါ် Samsung GLAXY Note II ကို မြန်မာ နိုင်ငံ၌ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ လတွင် စတင် သုံးစွဲနေပြီ ဖြစ်ပါကြောင်း အဆင့်မြင့် နည်းပညာ Smart Phone များအကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။

No comments:

Related Posts Plugin for WordPress, Blogger...

ကြော်ငြာလေးကို..Click ပေးပါအုံး

Slider(Do not Edit Here!)