Tuesday, September 3, 2013

Google Nexus 7 (2013) Tablet ကို Root လုပ်နည်း


2013 ခုနှစ်ထုတ် အသစ်ထွက် Google Nexus7 Tablet ကို Root လုပ်နည်းကို ရေးသားပေးလိုက်ပါတယ်။ လက်တွေ့စမ်းသပ်အောင်မြင်ထားပြီးဖြစ်တာကြောင့် step by step သေချာစွာလုပ်ဆောင်မယ်ဆိုရင် မိတ်ဆွေတို့ရဲ့ Nexus 7 2013 Tablet များကိုလည်းအောင်မြင်စွာ root လုပ်နိုင်မှာဖြစ်ပါတယ်။ ကဲ… လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုကြရအောင်။
အရင်ဆုံး လိုအပ်တဲ့ file တွေကို download ရယူထားပါ။
Fastboot အားရယူရန်
TWRP Recovery Image အားရယူရန် WIFI | LTE (ကိုယ့်စက်နဲ့ဆိုင်မယ့် Recovery Image ကို download ရယူပါ)
Super SU Zip file အားရယူရန်
Google USB Driver အားရယူရန်
လိုအပ်တဲ့ဖိုင်တွေအကုန် download ရယူပြီးပြီဆိုရင်တော့ Root လုပ်ဖို့စတင်လိုက်ကြရအောင်။
-အပေါ်မှာ download ရယူထားတဲ့ ဖိုင်တွေထဲက Fastboot.rar ဖိုင်ကို extract လုပ်ထားပါ။
- USB Debugging Setting ကို Enabled လုပ်ထားပါ။ Nexus 7 Tablet ကို USB ကြိုးအသုံးပြု၍ ကွန်ပျူတာမှာချိတ်ဆက်ပါ။

- အပေါ်မှာ download ရယူထားတဲ့ ဖိုင်တွေထဲက Google USB Driver ကို ကွန်ပျူတာမှာသွင်းရပါမယ်။ download လုပ်ထားတဲ့ Driver zip ဖိုင်ကို extract လုပ်ထားပါ။ ကွန်ပျူတာပေါ်က My Computer icon လေးကို right click နှိပ် ၊ Manage ထဲကိုဝင်ပါ။ Computer Management Setting ထဲရောက်ပြီဆိုလျှင် Device Manager ထဲကိုဝင်ပါ။ Device Manager ထဲမှာ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ USB devices များ ၊ အခြား chipset များ ၊ keyboard , mouse စသည်တို့ကိုတွေ့ရပါမယ်။ အဲဒီထဲက အ၀ါရောင် “?” သင်္ကေတလေးနဲ့ဖြစ်နေမယ့် အခုကွန်ပျူတာမှချိတ်ဆက်ထားတဲ့ Nexus 7 Device ကိုရှာပါ။
တွေ့ပြီဆိုရင် အဲဒီ “?” သင်္ကေတလေးနဲ့ စာသားပေါ်မှာ right click နှိပ် “Update Driver Software” ထဲကိုဝင်ပါ။ ပြီးလျှင် Browse My Computer for driver software ကိုရွေးပြီး ခုနက extract လုပ်ထားတဲ့ driver folder ကိုညွှန်းပေးလိုက်ပြီး driver install လုပ်ပါ။

- ပြီးလျှင် ခုနက extract လုပ်ထားတဲ့ Fastboot folder ထဲကိုဝင်ပါ ။ ဖိုဒါထဲရောက်ပြီဆိုရင် ဖိုဒါထဲကဖိုင်မရှိတဲ့နေရာလွတ်တစ်နေရာကို ကီးဘုတ်ပေါ်က Shift key နဲ့ Right Click ကိုတွဲနှိပ်ပါ။ ပေါ်လာတဲ့ Right Click Properties pop up ထဲမှာ Open Command Windows Here ကိုနှိပ်ပါ။ Command Windows ပေါ်လာပါမယ်။
- ယင်း Command Window ထဲမှာအောက်ပါအတိုင်းရိုက်ပါ။
adb reboot bootloader
ADB သိနေတယ်ဆိုရင် Device က Bootloader mode ထဲကိုဝင်သွားပါလိမ့်မယ်။ Bootloader mode ထဲကိုရောက်သွားပြီဆိုရင်တော့ Command Window ထဲမှာအောက်ပါအတိုင်းရိုက်ပါ။
fastboot oem unlock
-Bootloader unlock လုပ်လိုက်တာနဲ့ Tablet ထဲက users data များပျက်သွားပါလိမ့်မယ်။ Bootloader unlocking process ပြီးပြီဆိုရင်တော့ Tablet က ပုံမှန်အတိုင်း Boot ပြန်တက်လာပါလိမ့်မယ်။ ဒါပေမယ့် Bootloader Unlock လုပ်လိုက်ပြီဖြစ်တဲ့အတွက် စက်ကအသစ်အတိုင်းပြန်ဖြစ်သွားပြီဖြစ်သောကြောင့် Setting ထဲဝင်ပြီး Developer Option ထဲက USB Debugging ကို enabled ပြန်လုပ်ထားဖို့လိုပါတယ်။
- အခု step မှာတော့ Tablet ထဲကို Custom Recovery သွင်းရပါမယ်။ အပေါ်မှာတုန်းက download ရယူခဲ့တဲ့ Recovery Image ကို ခုနတုန်းက Fastboot folder ထဲကိုထည့်ထားပါ။ ယင်း recovery image ကို “recovery.img” လို့ နာမည်ပြောင်းထားပါ။
- ပြီးရင်တော့ ခုနကလိုပဲ Fastboot ဖိုဒါထဲကဖိုင်မရှိတဲ့နေရာလွတ်တစ်နေရာကို ကီးဘုတ်ပေါ်က Shift key နဲ့ Right Click ကိုတွဲနှိပ်ပါ။ ပေါ်လာတဲ့ Right Click Properties pop up ထဲမှာ Open Command Windows Here ကိုနှိပ်ပါ။ Command Windows ပေါ်လာပါမယ်။
- ယင်း Command Windows ထဲမှာ အောက်ပါအတိုင်းရိုက်ပါ။
adb reboot bootloader
- Tablet က Bootloader mode ထဲရောက်သွားပြီဆိုရင်တော့ Command Windows မှာ အောက်ပါအတိုင်းရိုက်ပါ။
fastboot flash recovery recovery.img
recovery flash လို့ပြီးပြီဆိုရင်တော့ Command Windows မှာ အောက်ပါအတိုင်းရိုက်ပါ။
fastboot reboot
Tablet က reboot ကျသွားပါမယ်။ ပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင်တော့ Tablet ရဲ့ Internal Memory Storage ထဲကို အပေါ်ဆုံးမှာတုန်းက download ရယူခဲ့တဲ့ Super SU.zip ကိုထည့်ထားပါ။ ပြီးရင် Tablet ကိုပါဝါပိတ်ပါ။
-ပြီးလျှင် Power Button နှင့် Vol down ခလုတ်ကိုတွဲနှိပ်ထားပါ။ ခုနက flash ထားသော TWRP Recovery ထဲသို့ရောက်သွားပါမယ်။ Install zip from sd card ထဲကိုဝင်ပြီး ခုနက Tablet ရဲ့ Internal Storage ထဲကိုထည့်ထားတဲ့ Super SU.zip ဖိုင်လေးကိုရွေးပြီး flash လိုက်ပါ။ flash လို့ပြီးပြီဆိုရင်တော့ Reboot system ကိုေ၇ွးပြီး Tablet ကို Reboot လုပ်ပါ။
- ပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင်တော့ သင့်ရဲ့ Google Nexus 7 Tablet သည် Root လုပ်ပြီးဖြစ်နေပါပြီ။

Credit>>Thet Naing Soe (Myanmar Mobile App Store)

No comments:

Related Posts Plugin for WordPress, Blogger...

ကြော်ငြာလေးကို..Click ပေးပါအုံး

Slider(Do not Edit Here!)