Tuesday, August 20, 2013
Windows 8 မှာ ဖုန်း driver တွေသွင်းတာ အဆင်ပြေဖြစ်နေသူတွေအတွက်ဖြေရှင်းနည်း
Windows 8 မှာ ဖုန်း Driver (ADB /Fastboot driver) တွေသွင်းတဲ့အခါမှာ Error တွေတက်နေရင် ဖြေရှင်းဖို့နည်းလမ်းတစ်ခုပေးပါမယ်။ ဒီနည်းကိုရဖို့အတွက် သုံးရက်လောက်ခေါင်းစားခဲ့ရပါတယ်။ Driver တွေသွင်းတာမှာ အင်တာနက်ကနေ download လုပ်ထားတဲ့ Driver ကလည်းမှန်ကန်တယ် ၊ ကွန်ပျူတာမှာလည်းမသွင်းရသေးဘဲနဲ့ Driver ရှိပြီးသားတို့ encountering problem တို့ can not install တို့စသဖြင့် error တက်လာရင် ဘာမှဆက်မလုပ်ပါနဲ့Windows 8 ရဲ့ “Settings ထဲကိုဝင်လိုက်ပါ ။ ပြီးရင် Change PC Settings -> General -> Adavanced Startup -> ထဲကိုဝင်ပြီး Restart ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။ Restarting ဖြစ်သွားပြီး ခဏအကြာမှာ Screen တစ်ခုနဲ့ ထပ်ပေါ်လာပါမယ်။ အဲဒီထဲက Troubleshoot -> Startup Options ထဲကိုထပ်ဝင်လိုက်ပါ။ စက်ကလုံးဝ restart ကျသွားပါမယ်။ Windows ပြန်တက်လာရင် Screen တစ်ခုနဲ့ထပ်ပေါ်လာပါမယ်။ အဲဒီထဲက နံပါတ် ၇ ခုမြောက် option “Usually “Disbale Driver Singnature Reinforcement “ကိုရွေးချယ်ရမှာဖြစ်တဲ့အတွက် ကီးဘုတ်ပေါ်က နံပါတ် ၇ ခလုတ်ကိုနှိပ်လိုက်ပါ။ Windows ပြန်တက်လာပြီဆိုရင် ခုနကသွင်းမရဖြစ်နေတဲ့ Driver ကို Computer ရဲ့ Device Manager ထဲဝင် သက်ဆိုင်ရာ Device ရဲ့ ? သင်္ကေတဖြစ်နေတဲ့ device မှာ update driver > manually update from computer ကိုရွေးပြီး ကွန်ပျူတာထဲကိုအသင့်ဒေါင်းထားတဲ့ အရင်ကသွင်းမရဖြစ်နေတဲ့ ဖုန်း adb/fastboot driver ကိုသွင်းလိုက်ပါ။ Install Anyway or not ဆိုတဲ့ Warning Box တစ်ခုတက်လာပါမယ်။ Install AnyWay ကိုပဲေ၇ွးပေးလိုက်ပါ။ Driver ကိုအောင်မြင်စွာ install လုပ်နိုင်ပြီဖြစ်ပါတယ်။
Thet Naing Soe (Myanmar Mobile App Store)
Labels:
Window ဆိုင်ရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment