Sony Xperia Z android 4.2.2 build number 10.3.1.A..0.244 latest update ကို Root လုပ်နည်းလေးပါ။
ဒီနည်းလေးက root လုပ်နေကျသူတွေအတွက် မူရင်းလင့်ကိုကြည့်လိုက်တာနဲ့ ၁၀ မိနစ်အတွင်းပြီးအောင်လုပ်နိုင်ပါလိမ့်မယ် မသိသေးတဲ့သူတွေအတွက် စိတ်ရှည်ရှည်နဲ့လုပ်ကြည့်ကြရအောင် မူရင်းလင့်က ဒီမှာပါ
ကဲစလိုက်ကြစို့သူငယ်ချင်း အောက်ကအီး..........ဘွတ်
၁။ပထမဆုံးယူစရာရှိတာတွေယူထားလိုက်ပါ။
xperia Z C660X 10.3.A.0.423 kernel
DooMLoRD Rooting Toolkit
Xperia Z C660X 10.3.1.A.0.244 kernel
sony flashtool_window exe
Sony xperia Z Usb driver for windows
၂။download ဆွဲထားတဲ့ flashtool လေးကို double click ပြီး pc မှာ install လုက်လိုက်ပါ။
၃။Sony Xperia Z Usb driver for window ကို install လုပ်ပါ ပြီးရင်
C/flashtool/driver/flashtool-driver ဆိုတဲ့ application လေးကို double
click လိုက်ရင် box လေးတစ်ခုပေါ်လာပါလိမ့်မယ်
၎။next ပြိးသွားရင် chack box လေးထဲမှာ Xperia Z and SO-02E driver ဆိုတာကိုရွေပြီး install ဆိုတာကိုနှိပ်လိုက်ပါ။
၎။ပြီးရင်အပေါ်က download ဆွဲထားတဲ့ Xperia Z C660X 10.3.A.0.423 kernel နဲ့ Xperia Z C660X 10.3.1.A.0.244 kernel နှစ်ခုကို copy ကူးပြီး c/flashtool/firmwares ဆိုတဲ့ folder ထဲမှာသွားထည့်ပေးလိုက်ပါ။
၅။နောက်တစ်ဆင့်ကဖုန်းထဲမှာ Usb debugging လုပ်ဖို့အတွက် ဖုန်းအသစ်တွေဆိုရင်
Usb debuggging mode ပါမလာပါဘူး settings/about phone ရဲ့အပေါ်မှာ
developer options ဆိုတဲ့စာတစ်ကြောင်းပျောက်နေတာတွေ့လိမ့်မယ် အဲဒီ
developer options ကိုဖေါ်ဖို့အတွက် setting/build number ကို (၇)
ချက်လောက်တောက်ပေးလိုက်ရင် developer options လေးပေါ်လာတာတွေ့ရပါလိမ့်မယ်
developer options ပေါ်လာရင်settings/developer options/Usb debugging chack
box ထဲမှာအမှန်ခြစ်ပေးလိုက်ပါ။
၆။အပေါ်ကအဆင့်တွေပြီးသွားရင် ဖုန်းကို computer မှာ usb
ကြိုးနဲ့ဆက်သွယ်လိုက်ပါ window မှာ driver တွေ install လုပ်ပါလိမ့်မယ်
ပြီးရင် usb ကြိုးကိုပြန်ဖြုတ်ပြီး ဖုန်းကို power ပိတ်လိုက်ပါ။
၇။computer မှာ flashtool ကိုဖွင့်လိုက်ပါ
၈။power ပိတ်ထားတဲ့ဖုန်းကို volume down + usb ကြိုးနဲ့ computer မှာတစ်ပြိုင်တည်းထိုးလိုက်ပါ။
၉။flashtool မှာမိုးကြိုးသွားလို logo လေးကိုနှိပ်လိုက်ပါ။
၁၀။flashmode ရွေး ok
၁၁။flashtool selector ထဲမှာ xperia 10.3.A.0.423 Generic-NL ကိုရွေး flash
ဆိုတာကိုနှိပ် finish ဆိုရင် ဖုန်းကို power ပြန်ဖွင့်လိုက်ပါ။
၁၂။ဖုန်း power ပြန်ပွင့်လာရင် computer နဲ့ပြန်ချိတ်လိုက်ပါ computer
ထဲမှာ DooMLoRD Easy Rooting Toolkits V18 Zip ဖိုင်ကို ဖြည်လိုက်ရင်
runme-win ဆိုတဲ့ window batch file ကို click
နှစ်ချက်တောက်ပြီးဖွင့်လိုက်ပါ
cmd.exe လေးပေါ်လာရင် press any key to continue
၁၃။ဖုန်း reboot ကျပြီးပြန်တက်လာရင် superuser လေးဖုန်ထဲရောက်နေပါလိမ့်မယ် မပြီးသေးဘူး ဆက်ကြည့်ပါဦး
၁၄။နောက်ဆုံး တစ်ဆင့်အနေနဲ့ အပေါ်မှာကျွန်တော်ရှင်းပြခဲ့တဲ့ နံပတ်(၈။)ကနေ
နံပတ် (၁၁။)အထိပြန်လုပ်ပြီး နံပတ် (၁၁။)ရောက်ရင် xperia 10.3.A.0.423
Generic-NL ဆိုတဲ့နေရာမှာ Xperia 10.3.1.A.0.244 BE ကိုရွေးပြီး flash လုပ်
flashtool က finish ဆိုရင် Sony Xperia Z latest update build number
10.3.1.A.0.244 (13.8.2013) လေးနဲ့လန်းလိုက်တော့
ဒီ root လုပ်နည်းလေးက ကျွန်တော်ကိုယ်တိုင် စမ်းသပ်အောင်မြင်ပြီးသားလေးပါ
ဒီပိုစ်လေးရေးနိုင်ဖို့ ကူညီပေးကြတဲ့ ကိုဝင်းကမ္ကာကျော်
ဖုန်းတွေအများကြီးယူလာပြီး စမ်းသပ်ခွင့်ပေးတဲ့ သူငယ်ချင်း ရဲမင်း (ဘယ်ကရလာလဲမသိ)
sony xperia Z ဖုန်းအသစ်ကြီးဝယ်လာပြီး စမ်းသပ်ခွင့်ပေးတဲ့ သူငယ်ချင်း အောင်သူဝင်း
အားလုံးသောသင်ဆရာ မြင်ဆရာ ကြားဆရာ များအား ကျေးဇူးတင်လျှက်
မရှင်းတာများရှိရင်မေးမြန်းနိုင်ပါတယ်
htwening@gmail.com
No comments:
Post a Comment