Resolution Modifier (LCD Density Modder Pro) ဟာ Android ဖုန်းတွေမှာ Monitor( LCD Display ) တွေရဲ့ Resolution ကို မြှင့်တင်ပေးနိုင်တာကြောင့် ယခင်ထက်ရုပ်ထွက်ကြည်လင်ပြတ်သားတာကို တွေ့ရမှာဖြစ်ပါတယ်.. သာမန်အားဖြင့် Resolution ဟာ Graphic Card ရဲ့ အရည်အသွေးနဲ့ဆိုင်တာမှန်ပေမယ့် ဒီ App ကတော့ Graphic ပစ္စည်းက ထုတ်လုပ်လိုက်တဲ့ Pixel ကို တိုးပေးလိုက်တာကြောင့် Resolution ဟာ ပိုမိုကောင်းမွန်လာတာဖြစ်ပါတယ်.. တကယ်သုံးကြည့်တာ သိပ်မသိသာဘူးထင်ရပေမယ့် အရင်ထက် ပိုမို စိုပြေတောက်ပလာတာကို လက်တွေ့ခံစားကြည့်နိုင်ပါတယ်. ဒီ App ကိုသုံးမယ်ဆိုရင် ဖုန်းက Root Access ရှိရမှာဖြစ်ပြီး Support ပေးတဲ့ ဖုန်းအမျိုးအစားတွေကတော့ Galaxy Nexus and Android ICS တွေပဲဖြစ်တာကြောင့် တစ်ခြား ဖုန်းအမျိုးအစားတွေအတွက်တော့ စိတ်မကောင်းပါဘူး...
အဆင်ပြေပါစေ..
No comments:
Post a Comment