Friday, June 7, 2013

Android မှာ Root ဆိုတဲ့အသုံးအနှုန်းကဘာလဲ Root လုပ်ရင်ဘာဖြစ်လဲ?

By: Aung Kyaw Pathein - In: Android Root Tools, အခြားဗဟုသုတများ - 0 comments Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။ ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ?? Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။ စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိ ဖုန်းလေးကို စိတ်ကြိုက်ပြုပြင်နိုင်ဖို့ အတွက် root လုပ်ရခြင်းဖြစ်ပါတယ်...root လုပ်ငန်းစဉ်အပြီးမှာ super user ဆိုတဲ့ပုံလေးပေါ်လာပြီး စာဖတ်သူဟာ super user ဖြစ်သွားတာကြောင့် တတ်ကျွမ်းမှုအပေါ်မူတည်ပြီး စိတ်ကြိုက် လုပ်ခွင့်တွေရလာပါမယ်...Java Language တတ်သိသူတွေကတော့ core level ဆိုတဲ့ os management အဆငိ့ထိဝင်ပြင်နိုင်ပါလိမ်မယ်..သာမန်စာဖတ်သူတွေကတော့ rooting လုပ်ပြီး Theme လေးပြောင်း Myanmar Font လေးပဲ ထည့်ပြီး စိတ်ဖြေရမှာပါ... # Root လုပ်ပြီး သာမန်စာဖတ်သူတစ်ယောက်အတွက် ဘာလုပ်ရမှာလဲ၊ ဘာလုပ်နိုင်မှာလဲ... 1. Theme လှလှလေးတွေပြန်ပြောင်းထည့်မယ် 2. Myanmar Font နဲ့ လက်ကွက်ထည့်သုံးမယ်.. 3. Mobile CPU ကို Overclocking လုပ်သုံးမယ်.. 4. Root Only Application တွေကိုသုံးပြမယ်... 5. Battery ကိုပိုမိုသုံးနိုင်အောင်စီစဉ်မယ်.. 6. Boot Loder ကိုလည်းဝင်ပြင်နိုင်ပါတယ်.. 7. အရဲစွန့်လိုသူများအတွက် အမြင့်စာ Mobil OS Version တွေကို Upgrade လုပ်ကြည့်မယ်. 8. System ကို Backup လုပ်နိုင်မယ်..သွင်းထားတဲ့ App တွေကို ပြန်ယူနိုင်မယ်.. 9. ဖုန်းထဲက မလိုအပ်တဲ့ နဂိုပါလာတဲ့ China System Apps တွေကို ဖျက်ထုတ်မယ်...

No comments:

Related Posts Plugin for WordPress, Blogger...

ကြော်ငြာလေးကို..Click ပေးပါအုံး

Slider(Do not Edit Here!)