Friday, August 23, 2013

Google Chrome မှာကြည့်နိုင်မယ့်ဖိုင်လေးမျိုး

images (1)
Google Chrome Browser က အမြန်ဆုံး Browser တစ်ခုဖြစ်ပြီး ၀က်ဆိုက်တွေကို ကြည့်ဖို့ ပဲအသုံးဝင်တာမဟုတ်ပါဘူး။Video,Music,PDF,Microsoft Office Document ဖိုင်တွေကိုပါကြည့်လို့  နားထောင်လို့ ရပါတယ်။
Video File
Chrome မှာ Built-in Video Player ပါရှိပြီး .mp4,.3gp, .avi, .mov, .m4v, .mkv, .ogv, .ogm, .webm စတဲ့ ဖိုင်အမျိုးအစားတွေကို Chrome မှာဖွင့်လို့ ရပါတယ်။Video ဖိုင်ကို Chrome Browser Window ပေါ်ကို Drag and Drop လုပ်ပြီး ဖွင့်ရမှာပါ။သင်ဖွင့်ချင်တဲ့ ဖိုင်အမျိုးအစားက Support ပေးတဲ့ ဖော်မက်မဟုတ်ရင် Converter တွေ သုံးနိုင်ပါတယ်။
ashampoo 05
Music
Chrome မှာ .mp3,.mp4, .m4a, .ogg, .oga, .wav စတဲ့ Music File တွေကိုဖွင့်နိုင်ပါတယ်။Drag and Drop လုပ်ပြီးဖွင့်ပါ။
chrome-play-local-music4
ဒါပေမယ့် သီချင်းတစ်ပုဒ်ချင်းစီကိုပဲဖွင့်နိုင်ပါတယ်။တစ်ပုဒ်ပြီးမှနောက်တစ်ပုဒ်ကို Drag and Drop လုပ်ပြီးဖွင့်ရမှာပါ။သီချင်းအများကြီး ကို Play list အနေနဲ့ ဖွင့်ချင်ရင် Achshar Player ဆိုတဲ့ Extension ကိုသုံးနိုင်ပါတယ်။
ashampoo 06
PDF Documents
Chrome မှာ Built-in PDF Viewer ပါရှိပြီး Drag and Drop လုပ်ပြီးဖွင့်နိုင်ပါတယ်။ဒါမှမဟုတ် Default Program အဖြစ်သတ်မှတ်ပြီးဖွင့်နိုင်ပါတယ်။
set-chrome-as-default-pdf-viewer
Microsoft Office Document
Chrome မှာ Chrome Office Viewer  extension ကိုအသုံးပြုပြီး Microsoft Office Document တွေ ကိုဖွင့်နိုင်ပါတယ်။Extension ကိုအင်စတောလုပ်ပြီးရင် Word documents, Excel spreadsheets, and PowerPoint presentations စတာတွေကို Chrome Browser မှာပဲ ဖွင့်ကြည့်နိုင်ပါပြီ။Document ဖိုင်ကို Chrome Browser Window ပေါ်ကို Drag and Drop လုပ်ပြီးဖွင့်နိုင်ပါတယ်။
chrome-office-viewer






No comments:

Related Posts Plugin for WordPress, Blogger...

ကြော်ငြာလေးကို..Click ပေးပါအုံး

Slider(Do not Edit Here!)