Friday, June 21, 2013

ကျွန်တော် ဒီပို့စ် ကို ** ပျော်ရွှင်စရာ Android ကမ္ဘာ ** တွေ့လို့
ပြန် Share ထားတာပါ.. ကျွန်တော်တော့ သုံးကြည့်ပြီးပြီ..ဗျာ
တော်တော် မိုက်တယ်...

** Android ဖုန်းအား CCTV ကင်မရာအဖြစ် အသုံးပြုခြင်း ***

ရှာဖွေရေး BY Mr.AD

ဆိုပါစို့ဗျာ .. လူတစ်ယောက်က နေရာတစ်ခုကိုရောက်နေတယ်။
သူမြင်တဲ့ မြင်ကွင်းကို သူ့သူငယ်ချင်းတွေဆီ Live video အနေနဲ့ ..
ကြည့်စေချင်တယ်။ လက်ရှိသူမြင်နေရတဲ့ မြင်ကွင်းကို အဝေးကြီးမှာရှိနေတဲ့ တစ်ခြားသူငယ်ချင်းတွေရော မြင်ရမယ်ဆိုရင် မမိုက်ဘူးလား
အိုကေ .. အဲ့ဒီလို Live မြင်ရဖို့အတွက် ကျွန်တော် app အလန်းလေး ..
ရှာဖွေထားတယ်။ IP Web Cam ဆိုတဲ့ app နဲ့ဆိုရင် သင်မြင်နေတဲ့မြင်ကွင်းကို သင့် အပေါင်းသင်းများလဲ သင်နဲ့အတူ ထပ်တူ မြင်တွေ့ခွင့် ရနိုင်ပါတယ်။ တစ်နည်းပြောရရင် မိမိဖုန်းကို CCTV ကင်မရာအဖြစ် အသုံးပြုပြီး ကွန်ပျူတာကနေ လှမ်းကြည့်နိုင်အောင် ပြုလုပ်ပေးမယ့် app တစ်ခုပါ။

လိုအပ်ချက်အနေနဲ့ကတော့ မြင်ကွင်းကို ပြချင်တဲ့ သူရဲ့ ဖုန်းထဲမှာ ..
IP Web Cam app ကို ထည့်ထားရပါမယ်။ အောက်က Link ကနေ
download ဆွဲလိုက်ပါ။

ကွန်ပျူတာကနေ ကြည့်ချင်တဲ့သူတွေက internet connection နဲ့အတူ
VLC Media Player ရှိရမယ်။ VLC Media Player နဲ့ ကွန်ပျူတာကနေ
ဖုန်း camera မှာ မြင်ရတဲ့ မြင်ကွင်းကို လှမ်းကြည့်နိုင်မှာ ဖြစ်ပါတယ်။
ကွန်ပျူတာအတွက် VLC Player ဒေါင်းရမယ့် Link ကို တင်ပေးထားပါတယ်။

လုပ်ဆောင်ပုံကတော့ လွယ်ပါတယ်။ ကျွန်တော်ပြောတဲ့အတိုင်း ..
သေချာလေး လိုက်လုပ်ကြည့်ပါ။ အလွန်အသုံးဝင်ပါတယ်။
ကျွန်တော်ကတော့ ကိုယ့်ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး စမ်းခဲ့ပါတယ်။

Step (1)
အရင်ဆုံး ဖုန်းမှာ internet connection ကိုဖွင့်ပါ။ ပြီးရင် IP Web Cam app ကို install လုပ်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ ပုံ-၁မှာ ပြထားတဲ့အတိုင်း မြင်ရပါမယ်။
အောက်ဆုံးက Start Server ကို နှိပ်လိုက်ပါ။ Camera ဖွင့်လိုက်သလိုမျိုး ..
ဖြစ်သွားပါမယ်။ အဲ့ဒီမှာ IP Address လေး ပေးထားပါတယ်။
http:// .............................. ဆိုတာလေးပါ။
အဲ့ဒီ IP Address ကို မှတ်သားထားလိုက်ပါ။

(ဒီနေရာမှာ တစ်ခု ပြောချင်တာက .. ကျွန်တော်က ကိုယ့်ဖုန်းနဲ့ ကိုယ့် Laptop နဲ့ချိတ်ပြီး စမ်းတာဖြစ်လို့ ဖုန်းကနေ wifi hotspot လွှင့်ပြီး ကွန်ပျူတာကနေ ဖုန်း internet connection ကို ယူပြီး အင်တာနက် အသုံးပြုပါတယ်။ တကယ်တော့ တစ်ခြားနေရာကနေ အထက်ပါ IP Address ကို သိရုံနဲ့ အင်တာနက်ချိတ်ထားသော မည်သည့် ကွန်ပျူတာမှာ မဆို ဖုန်းကနေ မြင်ရတဲ့မြင်ကွင်းကို လှမ်းကြည့်နိုင်မှာ ဖြစ်ပါတယ်။ )

Step (2)
ကွန်ပျူတာထဲမှာ VLC Player မရှိသေးရင် download ဆွဲပြီး install လုပ်ပါ။
ပြီးရင် FireFox Browser ကို ဖွင့်ပါ။ (မှတ်ချက် - FireFox , IE , Chrome စတာတွေကို support လုပ်ပါတယ်)
ပြီးရင် Firefox address bar မှာ ခုနက မှတ်သားထားတဲ့ IP Address ကို ရိုက်လိုက်ပါ။ ပုံ-၂ မှာ မြင်ရတဲ့အတိုင်း Android webcam server ဆိုပြီး Page တစ်ခု ကျလာပါမယ်။ အပေါ်ဆုံးက Open stream in media player, such as VLC ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ပုံ-၃ မှာမြင်ရသလို opening playlist.m3u ဆိုပြီး box တစ်ခု ကျလာမယ်။ open with မှာ VLC Media Player ကို ရွေးပြီး Ok ကို နှိပ်လိုက်တာနဲ့ VLC Player ပွင့်လာပြီး ဖုန်းမှာ မြင်နေရတဲ့ မြင်ကွင်းကို ဖော်ပြပါလိမ့်မယ်။ ဖုန်း camera ကနေ မြင်ရသမျှ VLC Player မှာ အကုန် မြင်နေရပါမယ်။ ရေလည် လန်းတယ်။

ဒါလေးပါပဲ။ လွယ်ပါတယ်။ IP Address ကို သိရင် ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး တစ်ခြားသူတွေဆီ IP Address ကို လှမ်းပြောပြီး VLC Player နဲ့ ဖွင့်ကြည့်ခိုင်းလို့ရတယ်။
ကဲ .. ဘယ်လောက် အဆင်ပြေလဲ။ ကိုယ်မြင်ရတဲ့မြင်ကွင်းကို ကိုယ်နဲ့အတူ သူငယ်ချင်းတွေ အများကြီး မြင်တွေ့နေရတယ်ဆိုတာ ပျော်စရာကြီးပါ။
သားသားမီးမီးလေးတွေကို အချိန်ပြည့် မကြည့်နိုင်ဘူး ... သူတို့ကို
စောင့်ကြည့်ဖို့ သူတို့အနားမှာ ဖုန်းကို IP Web Cam နဲ့ဖွင့်ပြီး ချထားလိုက်မယ် .. ပြီးရင် .. IP Address ကို မှတ်သားထားပြီး ကွန်ပျူတာကနေ လှမ်းကြည့်နိုင်ပါတယ်။ CCTV ကင်မရာသဘောမျိုး လုပ်ဆောင်ပေးလို့ လိုအပ်သလိုအသုံးပြုနိုင်တယ်။
သဘောကျတယ်ဆိုရင်တော့ အခုပဲ စမ်းကြည့်လိုက်တော့ဗျာ:)
Download apk here 
download - VLC Media Player ( for computer ) 
From>>>Myo Min Htun
 

No comments:

Related Posts Plugin for WordPress, Blogger...

ကြော်ငြာလေးကို..Click ပေးပါအုံး

Slider(Do not Edit Here!)